အရှေ့အလယ်ပိုင်းဒေသတွင် စစ်မက်ပဋိပက္ခ အရှိန်မြင့်တက်လာပြီးနောက် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်း မြင့်တက်လာသော်လည်း မလေးရှား အစိုးရအနေဖြင့် RON95 ဓာတ်ဆီဈေးနှုန်းကို တစ်လီတာလျှင် ရင်းဂစ် ၁.၉၉ တွင် ဆက်လက်ထိန်းသိမ်းထားနိုင်ရန် ကြိုးပမ်းမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် ဒါတွတ်ဆရီ အန်ဝါအီဘရာဟင်က ပြောကြားခဲ့သည်။ "ပြည်သူတွေ ဝန်ထုပ်ဝန်ပိုးမဖြစ်စေဖို့ RON95 ရဲ့ ဈေးနှုန်းကို ရင်းဂစ် ၁.၉၉ မှာ ရှိနေစေဖို့ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားသွားမှာပါ" ဟု ၎င်းက ပြောကြားခဲ့သည်။



