အသက် ၃၅ နှစ်အရွယ်ရှိ ဘန်လေအသင်းနောက်ခံလူ ကိုင်လီဝေါ်လ်ကာသည် ၂၀၁၁ ခုနှစ်မှစတင်ကာ ၁၅ နှစ်နီးပါးကြာ တာဝန်ထမ်းဆောင်ခဲ့သည့် အင်္ဂလန်လက်ရွေးစင်အသင်းမှ အနားယူပြီဖြစ်ကြောင်း ယနေ့ (မတ်လ ၁၁ ရက်) တွင် တရားဝင်ကြေညာလိုက်သည်။ ဝေါ်လ်ကာသည် အင်္ဂလန်အသင်းအတွက် ပွဲပေါင်း ၉၆ ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီး ကမ္ဘာ့ဖလား (၂) ကြိမ်နှင့် ယူရိုပြိုင်ပွဲ (၃) ကြိမ်တို့တွင် နိုင်ငံကိုယ်စားပြု ပါဝင်ခဲ့သူဖြစ်ကာ ၎င်းအနေဖြင့် လက်ရွေးစင်ဘဝမှ အနားယူသော်လည်း ၂၀၂၇ ခုနှစ်အထိ စာချုပ်ရှိထားသည့် ဘန်လေကလပ်အသင်းတွင် ဆက်လက်ကစားသွားမည်ဖြစ်ကြောင်းနှင့် အင်္ဂလန်အသင်းနှင့်အတူ ဖြတ်သန်းခဲ့ရသည့် ခရီးစဉ်အတွက် ဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်။
Mar 11 • 4:51 AM
Myanmar
International
Share
| 19 | 0 | 0 | 0 |


