back

မိတ္ထီလာမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမရက်တွင် ကျောင်းသား၊ ကျောင်းသူ ၄၀၀၀ ကျော် ဖြေဆို

Mar 11 • 4:50 AM

breaking-news

Myanmar

Mandalay

cover

မိတ္ထီလာမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမရက်တွင် ကျောင်းသား၊ ကျောင်းသူ ၄၀၀၀ ကျော် ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမရက်တွင် ကျောင်းသူကျောင်းသား ၄ဝဝဝ ကျော် ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။မြို့နယ်အတွင...

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမရက်တွင် ကျောင်းသူကျောင်းသား ၄ဝဝဝ ကျော် ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။မြို့နယ်အတွင်းရှိ စာစစ်ဌာန(၉)ခုဖြစ်သည့် အထက(၁)၊ အထက(၂)၊ အထက(၃)၊ အထက(၄)၊ အထက(၅)၊ အထက(၆)၊ အထက(ရေဝေ)၊ အထက(တောမ)နှင့် အထက(အလည်ရွာ)တို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုကြခြင်း ဖြစ်သည်။စာစစ်ဌာနများအလိုက် ကျောင်းသူကျောင်းသားများ  အဆင်ချောမွေ့စွာ စာမေးပွဲဖြေဆိုနိုင်ရေး အတွက်  တက္ကသိုလ်ဝင်တန်းစာမေးပွဲလုံခြုံရေး ကြီးကြပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများကလည်း စာစစ်ဌာနများအလိုက် ကြည့်ရှုစစ်ဆေးကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

news-view-count-icon

11