back

အင်းလေး ရေပေါ် သင်္ကြန်ကျင်းပမည်

Mar 11 • 4:49 AM

breaking-news

Myanmar

Shan

cover

အင်းလေး ရေပေါ် သင်္ကြန်ကျင်းပမည်

ရှမ်းပြည်နယ် တောင်ကြီးမြို့ မြန်မာရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေးအတွက် ညိနှိုင်းအစည်းအဝေးကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ယမန်နေ့က တောင်ကြီးမြို့တ...

ရှမ်းပြည်နယ် တောင်ကြီးမြို့ မြန်မာရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကျင်းပနိုင်ရေးအတွက် ညိနှိုင်းအစည်းအဝေးကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ယမန်နေ့က တောင်ကြီးမြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။သင်္ကြန်မဏ္ဍပ် ဆောက်လုပ်မည့်အခြေအနေ ယိမ်းအကအဖွဲ့ပါဝင်မှုနှင့် ကော်မတီအလိုက်ဆောင်ရွက်မည့် အစီအမံများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။လာမည့်သင်္ကြန်မဏ္ဍပ်များကို ဗိုလ်ချုပ်လမ်းပေါ်တွင် ထားရှိမည်ဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ်များနှင့် အင်းလေး ရေပေါ် သင်္ကြန်ကျင်းပမည်ဖြစ်ပြီး မူဝါဒနှင့်အညီ စနစ်တကျဆောင်ရွက်ရန်၊ ဗဟိုမဏ္ဍပ်နေရာရွေးချယ်အဆိုပြုရန်၊ စတုဒီသာကျွေးမွေးရန်လည်း ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ပြောကြားခဲ့သည်။ထိုပြင် မြန်မာရိုးရာသနပ်ခါး သင်္ကြန် ပါ၀င်ရန် လည်း ဆွေးနွေးနေကြောင်း သိရသည်။

news-view-count-icon

23