မုံရွာမြို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ဆီပြတ်လပ်မှုမရှိစေရန်နှင့် သတ်မှတ်ဈေးနှုန်းအတိုင်း အခြင်အတွယ်မှန်ကန်စွာ ရောင်းချနိုင်ရန်အတွက် မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက မတ်လ ၈ ရက် နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ အဆိုပါစစ်ဆေးမှုတွင် ဆီဆိုင်များ ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်နှင့် ယာဉ်အမှတ် (စုံ/မ) အက္ခရာအလိုက် စနစ်တကျ ရောင်းချပေးသွားရန် တိုက်တွန်းမှာကြားခဲ့ပြီး ဒေသခံပြည်သူများ အဆင်ပြေစွာ ဝယ်ယူနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
| 15 | 0 | 0 | 0 |


