back

ဆီချွေတာရန် နေအိမ်မှအလုပ်လုပ်ကြဖို့ လူထုကို ဗီယက်နမ် ဆော်သြ

Mar 11 • 2:10 AM

breaking-news

Vietnam

Local News

cover

ဆီချွေတာရန် နေအိမ်မှအလုပ်လုပ်ကြဖို့ လူထုကို ဗီယက်နမ် ဆော်သြ

အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် လောင်စာဆီပြတ်လပ်မှုနှင့် ဈေးနှုန်းမြင့်တက်မှုဒဏ်ကို ပြင်းထန်စွာခံစားနေရသည့် ဗီယက်နမ်နိုင်ငံတွင် လောင်စာဆီချွေတာနိုင်ရန်အတွက် ဖြစ်နိ...

အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် လောင်စာဆီပြတ်လပ်မှုနှင့် ဈေးနှုန်းမြင့်တက်မှုဒဏ်ကို ပြင်းထန်စွာခံစားနေရသည့် ဗီယက်နမ်နိုင်ငံတွင် လောင်စာဆီချွေတာနိုင်ရန်အတွက် ဖြစ်နိုင်သည့် လုပ်ငန်းခွင်များ၌ နေအိမ်မှအလုပ်လုပ်သည့် (Work from Home) အစီအစဉ်ကို အကောင်အထည်ဖော်ကြရန် ဗီယက်နမ်ကုန်သွယ်ရေးဝန်ကြီးဌာနက(မတ်လ ၁၀ ရက်) တွင် တိုက်တွန်းနှိုးဆော်လိုက်သည်။ ပြီးခဲ့သည့်လကုန်မှစ၍ ဗီယက်နမ်တွင် ဓာတ်ဆီဈေး ၃၂ ရာခိုင်နှုန်းနှင့် ရေနံဆီဈေး ၈၀ ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့ရာ ဝန်ကြီးချုပ် ဖန်မင်းမင်းအနေဖြင့် အာရပ်နိုင်ငံများထံမှ လောင်စာဆီအကူအညီရရှိရန် ဆွေးနွေးလျက်ရှိပြီး၊ လောင်စာဆီသွင်းကုန်အခွန်များကိုလည်း ဧပြီလကုန်အထိ ယာယီပယ်ဖျက်ပေးရန် ဆုံးဖြတ်ထားကြောင်း သိရသည်။

news-view-count-icon

9