ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေ ကျပ် ၁၂၉ ဒသမ ၁၈၈ သန်းဖြင့် တည်ဆောက်ခဲ့သည့် ရွာတန်းရှည်ကျေးရွာမှ ဖျာပုံ-ဘိုကလေး ကားလမ်းသို့ ဆက်သွယ်သော ကွန်ကရစ်လမ်းသစ်ကို မတ်လ ၉ ရက်နေ့က ဖွင့်လှစ်ခဲ့ရာ အဆိုပါ လမ်းအရှည် ၁ မိုင် ၀ ဒသမ ၂ ဖာလုံရှိသော လမ်းသစ်ကြောင့် ကျေးရွာ ၃ ရွာမှ အိမ်ခြေ ၈၀၂ လုံး၊ လူဦးရေ ၃,၁၈၇ ဦးတို့အတွက် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်ကာ အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း သိရသည်။
အိမ်ခြေ ၈၀၀ ကျော် အကျိုးဖြစ်ထွန်းစေမယ့် ဘိုကလေးမြို့နယ် ရွာတန်းရှည်မှ ဖျာပုံ-ဘိုကလေး ကားလမ်းသို့ ဆက်သွယ်သော ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်
Mar 11 • 2:09 AM
Myanmar
Ayeyarwady
Share
| 13 | 0 | 0 | 0 |


