အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် စွမ်းအင်ပြတ်လပ်မှု ကြုံတွေ့နေရသည့် ထိုင်းနိုင်ငံတွင် စွမ်းအင်ချွေတာရေး အစီအစဉ်အဖြစ် အစိုးရဝန်ထမ်းများကို မတ်လ ၁၀ ရက် မှစတင်ကာ နေအိမ်မှအလုပ်လုပ်ရန် (Work from Home) နှင့် ဓာတ်လှေကားအစား လှေကားအသုံးပြုရန် ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဝီရကူးလ်က ညွှန်ကြားလိုက်သည်။ လက်ရှိတွင် ထိုင်းနိုင်ငံ၌ စွမ်းအင်အရန်သင့်ရှိမှုမှာ ၉၅ ရက်စာသာ ကျန်ရှိတော့သဖြင့် လေအေးပေးစက်အပူချိန် ကန့်သတ်ခြင်း၊ ရုံးဝတ်စုံအဖြစ် လက်တိုရှပ်များ ဝတ်ဆင်ခြင်းနှင့် ပြည်ပခရီးစဉ်များ ရပ်ဆိုင်းခြင်းတို့ကို လုပ်ဆောင်နေပြီး၊ အခြေအနေ ပိုမိုဆိုးရွားလာပါက ညဘက် ကြော်ငြာမီးဆိုင်းများ ပိတ်ခြင်းနှင့် ဓာတ်ဆီဆိုင်ဖွင့်ချိန် ကန့်သတ်ခြင်း စသည့် တင်းကျပ်သော အစီအစဉ်များကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
Mar 11 • 2:13 AM
Thailand
Local News
Share
| 13 | 0 | 0 | 0 |


