back

၂၀၂၆ ခုနှစ်အတွက် အာဆီယံဆု (ASEAN Prize 2026) ကို လျှောက်ထားရန်ဖိတ်ခေါ်၊ ဆုရရှိသူကို အာဆီယံဆုဖလားနှင့် အမေရိကန်ဒေါ်လာ ၂၀,၀၀၀ ချီးမြှင့်မည်

Mar 10 • 5:40 AM

breaking-news

Myanmar

Local

breaking-news
cover

၂၀၂၆ ခုနှစ်အတွက် အာဆီယံဆု (ASEAN Prize 2026) ကို လျှောက်ထားရန်ဖိတ်ခေါ်၊ ဆုရရှိသူကို အာဆီယံဆုဖလားနှင့် အမေရိကန်ဒေါ်လာ ၂၀,၀၀၀ ချီးမြှင့်မည်

အာဆီယံအတွင်းရေးမှူးချုပ်ရုံးအနေဖြင့် အာဆီယံ၏ ဂုဏ်ပုဒ်၊ အာဆီယံ စိတ်ဓာတ်နှင့် သတ်မှတ်ထားသည့် နယ်ပယ်များတွင် အာဆီယံလမ်းစဉ်တို့ကို မြှင့်တင်ပေးနိုင်သည့် လူပုဂ္ဂိုလ်...

အာဆီယံအတွင်းရေးမှူးချုပ်ရုံးအနေဖြင့် အာဆီယံ၏ ဂုဏ်ပုဒ်၊ အာဆီယံ စိတ်ဓာတ်နှင့် သတ်မှတ်ထားသည့် နယ်ပယ်များတွင် အာဆီယံလမ်းစဉ်တို့ကို မြှင့်တင်ပေးနိုင်သည့် လူပုဂ္ဂိုလ်/အဖွဲ့အစည်းတို့၏ ဆောင်ရွက်မှုများနှင့် အောင်မြင်မှုများကို အသိအမှတ်ပြုသည့်အနေဖြင့် ၂၀၂၆ ခုနှစ်အတွက် အာဆီယံဆု (ASEAN Prize 2026) ကို ပေးအပ်ချီး မြှင့်ရန်အတွက် အဆိုပြုလွှာများ ခေါ်ယူလျက်ရှိပြီး လျှောက်ထားနိုင်ကြောင်းကို နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနက အသိပေးကြေညာထားပါတယ်။အဆိုပါ အသိပေးကြေညာချက်အရ ဝင်ရောက်ယှဉ်ပြိုင်သူသည် (က) အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများ၊ (ခ) အာဆီယံနှင့် ကမ္ဘာတစ်ဝန်းအကြား ပူးပေါင်းဆောင်ရွက်မှုများ၊ (ဂ) အာဆီယံ အဖွဲ့ဝင်နိုင်ငံများအကြား ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုများ၊ (ဃ) အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား စံနှုန်းများမြှင့်တင်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ၊ (င) အာဆီယံအသိုက်အဝန်း တည်ထောင်ရေး အတွက် သိသာထင်ရှားသည့် ဆောင်ရွက်မှုများ စသည်ဆောင်ရွက်ချက်များ ရှိထားရမှာဖြစ်ကြောင်း သိရပါတယ်။ အာဆီယံဆုရရှိသူအား အပြီးသတ်ရွေးချယ်မည့် ဒိုင်အဖွဲ့ကိုလည်း လက်ရှိ အာဆီယံအတွင်း ရေးမှူးချုပ်နှင့် အာဆီယံ အတွင်းရေးမှူးချုပ်ဟောင်းများ အပါအဝင် ထင်ရှားသော အဆင့်မြင့်ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားကြောင်း၊ ဆုရရှိသူအား အာဆီယံဆုဖလားနှင့် အမေရိကန်ဒေါ်လာ ၂၀,၀၀၀ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါဆုအား လျှောက်ထားရန် အဆိုပြုသူများသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံသား သို့မဟုတ် အဖွဲ့အစည်းဖြစ်ရမည်ဖြစ်ပြီး စည်းမျဉ်းစည်းကမ်းကို အခြေခံပြီး ပြည်သူကိုဦးတည်၍ ပြည်သူကို ဗဟိုပြုသည့် အာဆီယံအသိုက်အဝန်း ထူထောင်ခြင်းနှင့် အာဆီယံ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဆောင်ရွက်ချက်များ၊ အောင်မြင်မှုများနှင့် အာဆီယံနှင့်ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကို အင်္ဂလိပ်ဘာသာဖြင့် လျှောက်လွှာတွင် အကျဉ်းချုပ်ရေးသားဖော်ပြရမည် ဖြစ်ကြောင်းလည်း ပါရှိပါတယ်။အကျဉ်းချုပ်ရေးသားဖော်ပြရာတွင် ပါရှိရမည့် အချက်အလက်များကို လျှောက်လွှာပုံစံတွင် ဖော်ပြပါရှိ ပါကြောင်းနှင့် လျှောက်လွှာပုံစံကို အာဆီယံအတွင်းရေးမှူးချုပ်ရုံး၏ ဝက်ဘ်ဆိုဒ် အင်တာနက်စာမျက်နှာ တွင် ရယူ၍ အာဆီယံရေးရာဦးစီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၉)၊ နေပြည်တော်သို့ လာမယ့် မေ ၂၅ ရက်နေ့ နောက်ဆုံးထား၍ Soft copy နှင့်အတူ ပူးတွဲပေးပို့ လျှောက်ထားနိုင်ပြီး သိရှိလိုသည့်အသေးစိတ် အချက်အလက်များကိုလည်း ဖော်ပြပါ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၏ အင်တာနက်စာမျက်နှာတွင် လေ့လာကြည့်ရှုနိုင်ပါကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။


news-view-count-icon

46