back

ထိုင်းနိုင်ငံ၊ စံခလဘူရီတွင် တရားမဝင် ဝင်ရောက်သည့် မြန်မာလုပ်သား ၄၅ ဦး ဖမ်းဆီးခံရ

Mar 10 • 5:39 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ၊ စံခလဘူရီတွင် တရားမဝင် ဝင်ရောက်သည့် မြန်မာလုပ်သား ၄၅ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စံခလဘူရီမြို့နယ်အတွင်းသို့ တောလမ်းအတိုင်း စစ်ဆေးရေးဂိတ်များကို ရှောင်ကွင်းကာ တရားမဝင် ဝင်ရောက်လာသည့် မြန်မာလုပ်သား ၄၅ ဦးကို ၂၀၂...

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စံခလဘူရီမြို့နယ်အတွင်းသို့ တောလမ်းအတိုင်း စစ်ဆေးရေးဂိတ်များကို ရှောင်ကွင်းကာ တရားမဝင် ဝင်ရောက်လာသည့် မြန်မာလုပ်သား ၄၅ ဦးကို ၂၀၂၆ ခုနှစ်၊ မတ်လ ၈ ရက် ညပိုင်းတွင် ထိုင်းပူးပေါင်းစစ်ဆေးရေးအဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ရန်ကုန်နှင့် မော်လမြိုင်မြို့တို့မှ လာကြသည့် အဆိုပါလုပ်သားများသည် နခွန်ပထုံနှင့် စမုတ်ဆာခွန်တို့တွင် အလုပ်လုပ်ကိုင်ရန် ပွဲစားခ တစ်ဦးလျှင် ဘတ် ၅,၀၀၀ မှ ၇,၀၀၀ အထိ ပေးဆောင်ရန် သဘောတူထားကြသူများဖြစ်ပြီး လက်ရှိတွင် ၎င်းတို့အား ဥပဒေအရ အရေးယူနိုင်ရန် စံခလဘူရီရဲစခန်းသို့ လွှဲပြောင်းပေးအပ်ထားကာ အဆိုပါနေ့တစ်ရက်တည်းမှာပင် ကန်ချနဘူရီခရိုင်၏ အခြားနေရာနှစ်ခု၌လည်း မြန်မာနိုင်ငံသား ၄၂ ဦး ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

news-view-count-icon

23