ဘင်္ဂလားဒေ့ရှ်အစိုးရသည် အရှေ့အလယ်ပိုင်းစစ်ရေးပဋိပက္ခကြောင့် ဖြစ်ပေါ်လာသည့် စွမ်းအင်အကျပ်အတည်းကို ဖြေရှင်းရန်နှင့် လျှပ်စစ်ဓာတ်အားချွေတာရန်အတွက် နိုင်ငံတစ်ဝန်းရှိ အစိုးရနှင့် ပုဂ္ဂလိကတက္ကသိုလ်အားလုံးကို မတ်လ ၉ ရက်မှစတင်၍ ပုံမှန်ထက်စောကာ ပိတ်သိမ်းရန် စီစဉ်လိုက်ကြောင်း၊ နိုင်ငံ၏ စွမ်းအင်လိုအပ်ချက် ၉၅ ရာခိုင်နှုန်းကို သွင်းကုန်အပေါ် မှီခိုနေရသဖြင့် ယခုကဲ့သို့ တက္ကသိုလ်ကျောင်းဝင်းကြီးများကို စောစီးစွာပိတ်ခြင်းဖြင့် လျှပ်စစ်သုံးစွဲမှုဖိအားကို လျှော့ချနိုင်ရုံသာမက ယာဉ်ကြောပိတ်ဆို့မှုများကိုပါ လျော့နည်းစေကာ စွမ်းအင်လေလွင့်မှုကို ထိရောက်စွာ ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားထားသည်။
Mar 10 • 5:34 AM
Myanmar
International
Share
| 27 | 0 | 0 | 0 |


