စပါးအသင်းနည်းပြ တူဒေါက အမှတ်ပေးဇယားတွင် ရလဒ်များ ဆိုးရွားနေခြင်းကြောင့် ချန်ပီယံလိဂ်ပွဲစဉ်များ ရှိနေသော်လည်း ပရီးမီးယားလိဂ်တွင် တန်းတင်ကျန်ရစ်ရေးမှာ အသင်း၏ ပထမဆုံးဦးစားပေး ရည်မှန်းချက်ဖြစ်ကြောင်း ပွင့်လင်းစွာ ပြောကြားလိုက်သည်။ နည်းပြဟောင်း သောမတ်စ်ဖရန့်ဖ်နေရာတွင် အစားထိုးဝင်ရောက်လာသည့် တူဒေါသည် ပွဲဦးထွက် (၃) ပွဲဆက်တိုက် ရှုံးနိမ့်ထားသဖြင့် လက်ရှိတွင် စပါးအသင်းမှာ တန်းဆင်းဇုန်နှင့် (၁) မှတ်သာ ကွာဟတော့သည့် အခြေအနေသို့ ရောက်ရှိနေသည်။ ယနေ့တွင် အက်သလက်တီကို မက်ဒရစ်အသင်းနှင့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပွဲစဉ်ကစားရန် ရှိနေသော်လည်း အသင်း၏ ဂုဏ်သိက္ခာဖြစ်သော ပရီးမီးယားလိဂ်တွင် ၄၉ ရာသီဆက်တိုက် ရပ်တည်နိုင်ရေးအတွက်သာ ပိုမိုအာရုံစိုက်သွားမည်ဟု ဆိုထားသည်။
Mar 10 • 5:31 AM
Myanmar
International
Share
| 29 | 0 | 0 | 0 |


