back

ထိုင်းအစိုးရက ထိုင်းနိုင်ငံသားအမည်ခံ နိုင်ငံခြားသားပိုင်ကုမ္ပဏီများကို စည်းမျဉ်းသစ်များဖြင့် တင်းကြပ်စွာ စစ်ဆေးအရေးယူမည်

Mar 10 • 5:28 AM

breaking-news

Thailand

Local News

cover

ထိုင်းအစိုးရက ထိုင်းနိုင်ငံသားအမည်ခံ နိုင်ငံခြားသားပိုင်ကုမ္ပဏီများကို စည်းမျဉ်းသစ်များဖြင့် တင်းကြပ်စွာ စစ်ဆေးအရေးယူမည်

ထိုင်းနိုင်ငံ စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာန (DBD) သည် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများက ထိုင်းနိုင်ငံသားများကို အမည်ခံ (Nominee) အဖြစ်အသုံး...

ထိုင်းနိုင်ငံ စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာန (DBD) သည် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများက ထိုင်းနိုင်ငံသားများကို အမည်ခံ (Nominee) အဖြစ်အသုံးပြုကာ ဥပဒေရှောင်ကွင်းလုပ်ကိုင်နေသည့် ကုမ္ပဏီများကို နှိမ်နင်းရန်အတွက် ဥပဒေအကျိုးဆောင်ကုမ္ပဏီများနှင့် ဆွေးနွေးကာ စည်းမျဉ်းသစ်များ ရေးဆွဲလျက်ရှိပြီး အဆိုပါအမိန့်ကို ၂၀၂၆ ခုနှစ်၊ မတ်လလယ်တွင် ထုတ်ပြန်ကာ ဧပြီလ ၁ ရက်နေ့မှစ၍ အသက်ဝင်စေမည်ဖြစ်ကြောင်း၊ လက်ရှိလည်ပတ်နေသည့် ကုမ္ပဏီပေါင်း ၁ သိန်းကျော်အနက် ၈၀ ရာခိုင်နှုန်းခန့်မှာ အမည်ခံများဖြစ်နိုင်သည်ဟု ခန့်မှန်းထားကာ စစ်ဆေးတွေ့ရှိပါက ၁၉၉၉ ခုနှစ် နိုင်ငံခြားစီးပွားရေးလုပ်ငန်းဥပဒေအရ အမည်ခံပေးသည့် ထိုင်းနိုင်ငံသားနှင့် လုပ်ငန်းလုပ်ကိုင်သည့် နိုင်ငံခြားသားနှစ်ဦးစလုံးကို ထောင်ဒဏ် ၃ နှစ်အထိဖြစ်စေ၊ ငွေဒဏ် ဘတ် ၁ သိန်းမှ ၁ သန်းအထိဖြစ်စေ ပြင်းထန်စွာ အရေးယူသွားမည့်အပြင် အမိန့်မလိုက်နာပါက နေ့စဉ်ဒဏ်ကြေးများပါ ထပ်မံပေးဆောင်စေမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

19