စွမ်းအင်ဝန်ကြီးဌာန၏ ၂၀၂၆ ခုနှစ်၊ မတ်လ ၈ ရက်နေ့ ထုတ်ပြန်ချက်အရ ပြည်တွင်းစက်သုံးဆီဖူလုံမှုရှိစေရန် သီလဝါဆိပ်ကမ်းသို့ စက်သုံးဆီသင်္ဘောများ စဉ်ဆက်မပြတ် တင်သွင်းလျက်ရှိရာ လက်ရှိတွင် ဆိပ်ကမ်း၌ ဆိုက်ကပ်ထားသည့် သင်္ဘောနှစ်စင်းအပြင် လမ်းခရီးတွင် လေးစင်း၊ ဆီတင်ဆဲ သုံးစင်းနှင့် ဆီတင်ရန်စောင့်ဆိုင်းဆဲ ငါးစင်းတို့ ရှိနေကြောင်း၊ အစိုးရအနေဖြင့် တင်သွင်းပြီးသား ဆီများကို စားသုံးသူလက်ဝယ် အမှန်တကယ်ရောက်ရှိစေရန် ကြပ်မတ်ခြင်း၊ စိုးရိမ်စိတ်ဖြင့် ဝယ်ယူစုဆောင်းမှုများ မဖြစ်ပေါ်စေရန်နှင့် ခြိုးခြံချွေတာသုံးစွဲနိုင်ရန်အတွက် အစီအစဉ်များရေးဆွဲ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Mar 10 • 5:28 AM
Myanmar
Yangon
Share
| 13 | 0 | 0 | 0 |


