back

မုံရွာတွင် ဖမ်းဆီးရမိ ၄၅ ပေါင်ဝင် မီးသွေးအိတ် ၆၃၀ ကို လေလံတင်ရောင်းချမည်

Mar 10 • 5:20 AM

breaking-news

Myanmar

Sagaing

cover

မုံရွာတွင် ဖမ်းဆီးရမိ ၄၅ ပေါင်ဝင် မီးသွေးအိတ် ၆၃၀ ကို လေလံတင်ရောင်းချမည်

မုံရွာ-ယင်းမာပင်ခရိုင် သစ်တောဦးစီးဌာနသည် ဖမ်းဆီးရမိထားသည့် ၄၅ ပေါင်ဝင် မီးသွေးအိတ်ပေါင်း ၆၃၀ (၁၀ဝ ဒသမ ၈ တန်ခန့်) ကို မျက်မြင်အခြေအနေအတိုင်း ဈေးပြိုင်လေလံစနစ်ဖြင...

မုံရွာ-ယင်းမာပင်ခရိုင် သစ်တောဦးစီးဌာနသည် ဖမ်းဆီးရမိထားသည့် ၄၅ ပေါင်ဝင် မီးသွေးအိတ်ပေါင်း ၆၃၀ (၁၀ဝ ဒသမ ၈ တန်ခန့်) ကို မျက်မြင်အခြေအနေအတိုင်း ဈေးပြိုင်လေလံစနစ်ဖြင့် ရောင်းချသွားမည် ဖြစ်သည်။ လေလံပွဲကို ၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်၊ နံနက် ၁၀ နာရီတွင် မုံရွာ-ယင်းမာပင်ခရိုင် သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးရုံး၌ ကျင်းပမည်ဖြစ်သည်။ လေလံဆွဲဝယ်ယူလိုသူများအနေဖြင့် လျှောက်လွှာများကို မတ်လ ၁၂ ရက် နောက်ဆုံးထား၍ ဝယ်ယူနိုင်ကြောင်း သိရသည်။

news-view-count-icon

12