back

ဖျာပုံနှင့် သာပေါင်းမြို့နယ်ရှိ ကျေးရွာများတွင် မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေကျပ်သိန်း ၆၀၀ ကျော် ထုတ်ချေး

Mar 10 • 5:19 AM

breaking-news

Myanmar

Ayeyarwady

cover

ဖျာပုံနှင့် သာပေါင်းမြို့နယ်ရှိ ကျေးရွာများတွင် မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေကျပ်သိန်း ၆၀၀ ကျော် ထုတ်ချေး

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် မြို့ပြနှင့် ကျေးလက်ကွာဟချက် လျှော့ချရန်နှင့် ကျေးရွာနေပြည်သူများ အလုပ်အကိုင် အဆင်ပြေစေရန်အတွက် မြစိမ်းရောင်စီမံကိန်း ...

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် မြို့ပြနှင့် ကျေးလက်ကွာဟချက် လျှော့ချရန်နှင့် ကျေးရွာနေပြည်သူများ အလုပ်အကိုင် အဆင်ပြေစေရန်အတွက် မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေများကို ၂၀၂၆ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် ထုတ်ချေးပေးခဲ့သည်။ ဖျာပုံမြို့နယ်၊ တမန်သစ်ကျေးရွာတွင် ရန်ပုံငွေကျပ် ၃၆၀ သိန်းကျော် နှင့် သာပေါင်းမြို့နယ်၊ တံခွန်တိုင်ကျေးရွာရှိ အသင်းသား (၇၅) ဦးအတွက် ကျပ် ၃၁၅ သိန်း၊ စုစုပေါင်း ကျပ်သိန်း ၆၀၀ ကျော်ကို ထုတ်ချေးပေးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ရန်ပုံငွေများကို ကျေးရွာသူ/သားများက မိမိတို့၏ အဓိကလုပ်ငန်းများဖြစ်သော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံ လည်ပတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

16