back

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလအတွင်း ဆူညံသံထွက်ပေါ်စေသည့် လုပ်ငန်းများနှင့် အသံချဲ့စက်များ ပိတ်သိမ်းထားရန် ညွှန်ကြား

Mar 10 • 5:18 AM

breaking-news

Myanmar

Local

cover

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလအတွင်း ဆူညံသံထွက်ပေါ်စေသည့် လုပ်ငန်းများနှင့် အသံချဲ့စက်များ ပိတ်သိမ်းထားရန် ညွှန်ကြား

၂၀၂၆ ခုနှစ်၊ မတ်လ ၁၁ ရက်မှ ၁၇ ရက်အထိ ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အနှောင့်အယှက်မရှိ စာလေ့လာနိုင်ရန်နှင့် စာမေးပွဲဖြေဆိုနို...

၂၀၂၆ ခုနှစ်၊ မတ်လ ၁၁ ရက်မှ ၁၇ ရက်အထိ ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အနှောင့်အယှက်မရှိ စာလေ့လာနိုင်ရန်နှင့် စာမေးပွဲဖြေဆိုနိုင်ရန်အတွက် မတ်လ ၈ ရက်မှ ၁၇ ရက်အထိ တားမြစ်ချက်များ ထုတ်ပြန်ထားသည်။ အဆိုပါကာလအတွင်း အရက်ဆိုင်၊ စင်တင်တေးဂီတ၊ ကာရာအိုကေ (KTV)၊ ဘိလိယက်ခုံနှင့် အင်တာနက်ဂိမ်းဆိုင်များတွင် အသံချဲ့စက်အသုံးပြုခြင်းနှင့် ပတ်ဝန်းကျင်ကို ဆူညံစေသည့် လုပ်ဆောင်မှုမှန်သမျှကို တားမြစ်ထားသည်။ အကယ်၍ လိုက်နာမှုမရှိပါက တည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထားပါသည်။

news-view-count-icon

68