၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးရှိ စာစစ်ဌာနပေါင်း ၈၉၀ ခန့်တွင် ကျင်းပသွားမည်ဖြစ်ပြီး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးထားသည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၆၅,၀၀၀ ကျော် ရှိကြောင်း သိရသည်။ အဆိုပါ စာစစ်ဌာနများတွင် ပြည်ပစာစစ်ဌာနများလည်း ပါဝင်ပြီး ကျောင်းသား၊ ကျောင်းသူများ ဘေးကင်းလုံခြုံပြီး အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရန်အတွက် သက်ဆိုင်ရာ ဒေသအာဏာပိုင်များ၊ ရပ်မိရပ်ဖများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များ ပူးပေါင်းကာ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိပါသည်။
Mar 10 • 5:17 AM
Myanmar
Local
Share
| 20 | 0 | 0 | 0 |


