၂၀၂၆ ခုနှစ်၊ မတ်လမှ မေလအတွင်း အရှေ့တောင်အာရှနိုင်ငံအများစုတွင် ပုံမှန်ထက်ပိုသော အပူချိန်ကို ခံစားရမည်ဟု အာဆီယံအထူးမိုးလေဝသစင်တာ (ASMC) က ခန့်မှန်းထားသည်။ အထူးသဖြင့် မြန်မာ၊ ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားတို့တွင် အပူချိန်အလွန်အမင်း မြင့်မားနိုင်ပြီး ယင်းကြောင့် လျှပ်စစ်မီးလိုအပ်ချက် ပိုမိုမြင့်တက်လာမည်ဖြစ်သည်။ တစ်ဖက်တွင်လည်း အီရန်-အမေရိကန်-အစ္စရေး ပဋိပက္ခကြောင့် အရှေ့အလယ်ပိုင်းမှ စွမ်းအင်တင်ပို့မှုများ ထိခိုက်နေပြီး ဓာတ်ငွေ့ဈေးနှုန်းများ နှစ်ဆမြင့်တက်နေသည်။ အဓိကတင်ပို့သူ ကာတာနိုင်ငံမှ တင်ပို့မှုရပ်ဆိုင်းသွားခြင်းကြောင့် အရှေ့တောင်အာရှနိုင်ငံများသည် လျှပ်စစ်ထုတ်လုပ်ရန်အတွက် လိုအပ်သော ဓာတ်ငွေ့ကို ဥရောပနှင့် အာရှဈေးကွက်များတွင် အပြိုင်အဆိုင် ဝယ်ယူနေရသည့် အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။
Mar 10 • 5:21 AM
Myanmar
International
Share
| 22 | 0 | 0 | 0 |


