back

တနင်္သာရီတိုင်း၊ကျွန်းစု ပင်လယ်ရွာများတွင် ဓာတ်ဆီဈေးသုံးဆနီးပါးမြင့်တက်

Mar 10 • 3:11 AM

breaking-news

Myanmar

Tanintharyi

cover

တနင်္သာရီတိုင်း၊ကျွန်းစု ပင်လယ်ရွာများတွင် ဓာတ်ဆီဈေးသုံးဆနီးပါးမြင့်တက်

တနင်္သာရီတိုင်း၊ကျွန်းစုမြို့နယ်အတွင်းရှိ ပင်လယ်ရွာများတွင် တစ်ပတ်အတွင်း ဓာတ်ဆီဈေး သုံးဆနီးပါးမြင့်တက်လာကြောင်း ဒေသခံများထံမှ သိရသည်။ပင်လယ်ကျေးရွာများတွင် ဓာတ်ဆ...

တနင်္သာရီတိုင်း၊ကျွန်းစုမြို့နယ်အတွင်းရှိ ပင်လယ်ရွာများတွင် တစ်ပတ်အတွင်း ဓာတ်ဆီဈေး သုံးဆနီးပါးမြင့်တက်လာကြောင်း ဒေသခံများထံမှ သိရသည်။ပင်လယ်ကျေးရွာများတွင် ဓာတ်ဆီတစ်လီတာလျှင် ကျပ်ခုနစ်ထောင်ဝန်းကျင်ဖြင့် ရောင်းချနေကြောင်း ဒေသခံအချို့က ဆိုသည်။ပြီးခဲ့သည့် သီတင်းပတ်ကမူ ဓာတ်ဆီတစ်လီတာကို ၂,၇၀၀ ကျပ်ဝန်းကျင်သာ ဈေးရှိခဲ့ကြောင်း သိရသည်။ ၎င်းဈေးနှုန်းသည် ကျေးရွာများရှိ ဈေးဆိုင်များတွင် ရောင်းချနေသည့် 92 အမျိုးအစား ဓာတ်ဆီဈေးနူန်းဖြစ်သည်။ကျွန်းစုမြို့နယ်၏ နယ်မြေအများစုက ပင်လယ်အတွင်းရှိ ကျွန်းများဖြစ်သည့်အတွက် ခရီးသွားလာရာတွင် စက်လှေ၊ အမြန်ရေယာဉ်ဖြင့် အဓိကသွားလာရသလို ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးသူလည်း များသည်။လက်ရှိတွင် စက်သုံးဆီဈေးတက်လာသည့်အတွက် ငါးဖမ်းလုပ်ငန်းအပေါ်သက်ရောက်မှုများပြီး ဝမ်းစာရေးအတွက် အခက်အခဲကြီးမားကြောင်း ကျွန်းစုမြို့နယ် ‌ကော်ဇယာကျေးရွာအုပ်စုနေ ဒေသခံတစ်ဦးက ပြောသည်။

news-view-count-icon

17