back

သရုပ်ဆောင် လမင်းကဗျာ ဖမ်းဆီးထိန်းသိမ်းခံရကြောင်း သတင်းများဆက်တိုက် တက်နေသော်လည်း သူမ အိမ်မှာရှိကြောင်း မတ်လ ၉ ရက်နေ့က အသိပေးလာ

Mar 10 • 3:29 AM

breaking-news

Myanmar

Local

breaking-news
cover

သရုပ်ဆောင် လမင်းကဗျာ ဖမ်းဆီးထိန်းသိမ်းခံရကြောင်း သတင်းများဆက်တိုက် တက်နေသော်လည်း သူမ အိမ်မှာရှိကြောင်း မတ်လ ၉ ရက်နေ့က အသိပေးလာ

သရုပ်ဆောင် နှင့် DJ Moon အဖြစ်လူသိများတဲ့ လမင်းကဗျာကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီဖြစ်ကြောင်း တိကျခိုင်မာတဲ့ သတင်းရင်းမြစ်များမှ တင်ဆက်နေကြသော်လည်း သူမကတော့ လွန်ခ...

သရုပ်ဆောင် နှင့် DJ Moon အဖြစ်လူသိများတဲ့ လမင်းကဗျာကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီဖြစ်ကြောင်း တိကျခိုင်မာတဲ့ သတင်းရင်းမြစ်များမှ တင်ဆက်နေကြသော်လည်း သူမကတော့ လွန်ခဲ့သော ၁၄ နာရီအကြာက နောက်ဆုံး အွန်လိုင်းတက်သွားခဲ့တာကိုတွေ့ ရပါတယ်။ မတ်လ ၉ ရက်နေ့က ဖမ်းဆီးခံရကြောင်း သတင်းများထွက်ပေါ်လာချိန်မှာပဲ သူမဟာ အိမ်မှာပဲ ကောင်းမွန်စွာရှိနေကြောင်း စိတ်မပူကြဖို့ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ ယနေ့ မတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းမှာတော့ သူမကို ဖမ်းဆီးလိုက်ကြောင်း ခိုင်မာတိကျတဲ့သတင်းရင်းမြစ်များကတင်ဆက်နေကြပြီး တီးခတ်ဖျော်ဖြေခဲ့တဲ့ ဆိုင်းဝိုင်းကိုလည်း အမှုဖွင့်ထားကြောင်း သိရပါတယ်။


news-view-count-icon

53