ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံဒေသရှိ ကိုယ်ပိုင်ဆိုင်ကယ်တစ်စီးတည်းကိုသာ အားကိုးနေရသည့် အခြေခံလုပ်သားများသည် ၎င်းတို့၏ ယာဉ်နံပါတ်မကျသည့်နေ့များတွင် အလုပ်သို့မောင်းနှင်သွားရန် အခက်အခဲဖြစ်နေသည်။"နေ့စားကတစ်ရက် ၁၂၀၀၀ ပဲရတာ။ ကျွန်တော်တို့လို တစ်နေ့လုပ်မှတစ်နေ့စားတွေအတွက်ကတော့ ငတ်ရုံပဲ ရှိတော့မှာ။ ဒီနှစ်က ၁၂ တန်းဖြေမယ့်ကလေးအတွက် မြို့ပေါ်ကစာသင်ဝိုင်းမှာ သိန်း ၆၀ လောက် အကုန်ခံထားရတယ်။ အိမ်မှာလည်း ဆိုင်ကယ်တစ်စီးတည်းရှိတာဆိုတော့ ဆီဈေးကတက်၊ အခု စုံတို့ မတို့သတ်မှတ်လိုက်တော့ ကလေးဆီသွားဖို့ကို အရင်လိုမသွားနိုင်တော့ဘူး" ဟု နေ့စားအလုပ်လုပ်ကိုင်သူတစ်ဉီးက ဆိုသည်။လက်ရှိတွင်မောင်းလို့ရသေးပေမယ့် နောက်ပိုင်းများတွင် စားဝတ်နေရေးရော၊ လူမှုရေးရော အကုန်လုံး ခက်ခဲနိုင်ကြောင်း ၎င်းကပြောသည်။
Mar 10 • 2:52 AM
Myanmar
Shan
Share
| 12 | 0 | 0 | 0 |


