FAဖလား ကွာတားဖိုင်နယ်ပွဲတွေကို ယမန်နေ့က ရေးဆွဲခဲ့ပြီး ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေဖြစ်တဲ့ မန်စီးတီးနဲ့ လီဗာပူးလ်အသင်းတို့အီတီဟတ်ကွင်းမှာ ကစားရပါလိမ့်မယ်။မန်စီးတီးအသင်းဟာ လီဗာပူးလ်ကို အခုရာသီ ပရီးမီးယားလိဂ် နှစ်ကျော့စလုံးမှာ အနိုင်ယူထားခဲ့တာပါ။ချယ်လ်ဆီးကတော့ ဆန်းဒါးလန်းကို အနိုင်ယူခဲ့တဲ့ League One ကလပ် ပို့တ်ဗေးလ်နဲ့ တွေ့ဆုံခဲ့ပါတယ်။FAဖလား အအောင်မြင်ဆုံး အာဆင်နယ်က လိဂ်ချန်ပီယံရှစ်ကလပ် ဆောက်သမ်တန်နဲ့ ရင်ဆိုင်ရမှာဖြစ်တယ်။အခြားပွဲစဉ်မှာတော့ ဝက်စ်ဟမ်းနဲ့ လိဒ်စ်အသင်းတို့ ထိပ်တိုက်ကစားရပါလိမ့်မယ်။FAဖလား ကွာတားဖိုင်နယ်ပွဲတွေကို ဧပြီလ ၄၊ ၅ ရက်တွေမှာ ကစားမှာဖြစ်ပါတယ်။



