back

ရှမ်းပြည်နယ်၊အေးသာယာတွင် လိင်လုပ်ငန်း ဆောင်ရွက်သည့် စားသောက်ဆိုင်များ ခနပိတ်ပြပြီး ပြန်ဖွင့်နေ

Mar 10 • 2:50 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်၊အေးသာယာတွင် လိင်လုပ်ငန်း ဆောင်ရွက်သည့် စားသောက်ဆိုင်များ ခနပိတ်ပြပြီး ပြန်ဖွင့်နေ

ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့နယ် အေးသာယာတွင် လင်လုပ်ငန်းဆိုင်ခန်းများကိုဒေသခံတိုင်တုန်းခနတာ ဆိုင်ပိတ်ပြီး ဆိုင်းဘုတ်များကိုပင် ဖြုတ်ထားလိုက်ပြီ ဖြစ်သေ...

ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့နယ် အေးသာယာတွင် လင်လုပ်ငန်းဆိုင်ခန်းများကိုဒေသခံတိုင်တုန်းခနတာ ဆိုင်ပိတ်ပြီး ဆိုင်းဘုတ်များကိုပင် ဖြုတ်ထားလိုက်ပြီ ဖြစ်သော်လည်းအရေးယူမှုမရှိ၍ ပြန်ဖွင့်နေကြောင်းသိရသည်။"အခု ဆိုင်က ပြန်ဖွင့်နေတာ နှစ်ပတ်ကျော်ပြီ။ ဆိုင်းဘုတ် ဖြုတ်ပြီးတော့ ပြန်ဖွင့်နေတာပါ။ ဇန်နဝါရီလ လယ်ပိုင်းလောက်မှာ အသံထွက်ပြီးခနပဲ ပိတ်သွားတယ်။ ခုပြန်ဖွင့်တယ်။ ဘယ်သူတွေ ရှယ်ယာ ပါထားလဲ သေချာမသိဘူး။”ဟု ရပ်ကွက်နေ ပြည်သူ တစ်ဦးကခမ်းသားငေါဝ်းကို ပြောသည်။ထို စားသောက်ဆိုင်များတွင် လိင်လုပ်ငန်း ဆောင် ရွက်နေသော အမျိုးသမီးများလည်းရှိပြီး ဒေသခံများအတွက် စိတ်အနှောက်ယှက်ဖြစ်ရသလို အသက်မပြည့်သည့်ကလေးလည်းရှိနေကြောင်းသိရသည်။အေးသာယာ ၊ စက်မှုဇုန် သွားလမ်း ၊ မုံတ၀ရွာ အနီးတွင် ရှိသော စားသောက်ဆိုင်များသည် အရွယ်မရောက်သေးသော အမျိုးသမီးငယ်များဖြင့် လိင်လုပ်ငန်းများ ဆောင်ရွက်နေသဖြင့် စိတ်ညစ်ရကြောင်းရပ်ကွက်နေ ပြည်သူတို့က ပြောသည်။

news-view-count-icon

14