စင်ကာပူနိုင်ငံရဲ့ နာမည်ကြီး Ngee Ann City မှာ ကျင်းပနေတဲ့ ခြင်္သေ့အကပြိုင်ပွဲအတွင်း အပေါ်ထပ်ကနေ ဆေးနီထုတ်တွေနဲ့ ပစ်ပေါက်ခဲ့တဲ့ မလေးရှားနိုင်ငံသား တစ်ဦးကို ဒီကနေ့မှာပဲ တရားရုံးက ထောင်ဒဏ်အမိန့် ချမှတ်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ အသက် ၃၄ နှစ်အရွယ် Yap Seng Hin ဆိုသူဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့က အများပြည်သူ အန္တရာယ်ဖြစ်စေနိုင်တဲ့ လုပ်ရပ်ကို လုပ်ဆောင်ခဲ့မှုကြောင့် ထောင်ဒဏ် (၆) ပတ် ကျခံစေဖို့ အမိန့်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။တရားရုံးက Yap ကို ထောင်ဒဏ်အပြင် အဆိုပါ သန့်ရှင်းရေးစရိတ်ကိုပါ လျော်ကြေးပေးဖို့ အမိန့်ချခဲ့ပြီး အကယ်၍ မပေးဆောင်နိုင်ဘူးဆိုရင် နောက်ထပ် ထောင်ဒဏ် ၅ ရက် ထပ်တိုးကျခံရမှာ ဖြစ်ပါတယ်။ အခင်းဖြစ်ပွားချိန်က ရိုက်ကူးထားတဲ့ ဗီဒီယိုတွေမှာလည်း ဒုတိယအသင်း ကပြဖျော်ဖြေပြီးချိန်မှာ ဆေးနီတွေ စင်ထွက်သွားတာကြောင့် ကြည့်ရှုနေသူတွေ အံ့အားသင့်ပြီး အပေါ်ကို မော့ကြည့်နေကြတာကို တွေ့ရပါတယ်။
Mar 10 • 2:48 AM
Singapore
Local News
Share
| 12 | 0 | 0 | 0 |


