ထိုင်းနိုင်ငံ ၊ချင်းမိုင်မြို့၊ ချန်ကလန်ရပ်ကွက်တွင် ၁၄ နှစ်အရွယ် မိန်းကလေးငယ်ကို ဓားဖြင့်ခြိမ်းခြောက်၍ အဓမ္မပြုကျင့်ခဲ့သည့် အသက် ၃၃ နှစ်အရွယ် မြန်မာနိုင်ငံသား ၁ ဦးအား မတ်လ ၉ ရက်နေ့ ညတွင်ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်ရေဒီယိုရဲတပ်ဖွဲ့က ယနေ့(မတ်လ ၁၀ရက်)ထုတ်ပြန်သည်။ ရဲတပ်ဖွဲ့က နစ်နာသူအားမေးမြန်းပြီး ထုတ်ပြန်ချက်အရ ၎င်းကျူးလွန်သူမြန်မာအမျိုးသားသည် မတ်လ ၉ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် အိမ်ထဲသို့ ခိုးဝင်ရောက်လာပြီး အိမ်ထဲရှိ ဓားကို အသုံးပြု၍ ခြိမ်းခြောက်ကာ လိင်ဆက်ဆံရန် အတင်းအကြပ်ပြုလုပ်ခဲ့သည်။ နစ်နာသူက မလိုလားသော်လည်း ၎င်းက အဓမ္မပြုကျင့်ပြီးနောက် ထွက်ပြေးသွားခဲ့သည်။ထို့နောက်တွင်မတ်လ ၉ ရက်နေ့ ည ၉ နာရီခန့်၌ ချင်းမိုင်မြို့ ချန်ကလန်ရပ်ကွက် ဂျယ်ရှန်ပတ်လမ်း တွင်ရှိသော လူမနေအိမ်ဟောင်းတစ်လုံးတွင် ထွက်ပြေးခဲ့သည့် ကျုးလွန်သူအားဓားတစ်လက်ဖြင့် ဖမ်းဆီးရမိခဲ့သည်။ ရဲတပ်ဖွဲ့က ကျုးလွန်သူအား လက်နက်ဖြင့် ခြိမ်းခြောက်ကာ အဓမ္မပြုကျင့်ခြင်း၊ အိမ်သို့ခိုးဝင်ရောက်ခြင်း စသည့် ရာဇသတ်ကြီးပုဒ်မများဖြင့် တရားစွဲဆိုထားပြီး တရားဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းထုတ်ပြန်သည်။
Mar 10 • 2:48 AM
Thailand
Local News
Share
| 14 | 0 | 0 | 0 |


