မန်စီးတီးနည်းပြ ဂွါဒီယိုလာက နယူးကာဆယ်နဲ့ပွဲမှာ တိုက်စစ်မှူး ဟာလန်းကို အနားပေးခဲ့တာဟာ ရီးယဲလ်မက်ဒရစ်နဲ့ ယှဉ်ပြိုင်ရမယ့် အဝေးကွင်းပွဲစဉ်အတွက်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်(၁၆)သင်းအဆင့်မှာ ရီးယဲလ်အသင်းနဲ့ ဆုံတွေ့နေပြီး ပထမအကျော့အဝေးကွင်းပွဲစဉ်ကို အခုတစ်ပတ် ဗုဒ္ဓဟူးညမှာ ယှဉ်ပြိုင်ရမှာပါ။ဒါကြောင့် စနေနေ့က နယူးကာဆယ်အသင်းကို (၃-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ FA ဖလားပွဲမှာ နော်ဝေတိုက်စစ်မှူး ဟာလန်းကို အနားပေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ဟာလန်းဟာ လိဒ်စ်နဲ့ပွဲမတိုင်ခင် လေ့ကျင့်ရေးကွင်းမှာ အသေးစားဒဏ်ရာရရှိခဲ့တာကြောင့် ပါဝင်ကစားနိုင်ခြင်းမရှိခဲ့ပေမဲ့ နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ ပြန်ကစားနိုင်ခဲ့ပါတယ်။ဒါပေမဲ့ နယူးကာဆယ်နဲ့ပွဲမှာတော့ ဟာလန်းကို အသင်းနဲ့အတူ ခေါ်ဆောင်လာခြင်းတောင်မရှိဘဲ မန်ချက်စတာမှာပဲ လေ့ကျင့်စေခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ရီးယဲလ်နဲ့ ချန်ပီယံလိဂ်ပွဲအတွက် ဟာလန်းကို နယူးကာဆယ်နဲ့ပွဲမှာ အနားပေးခဲ့ခြင်းဖြစ်ကြောင်း ဂွါဒီယိုလာ ပြောကြား
Mar 10 • 2:47 AM
Myanmar
International
Share
| 29 | 0 | 0 | 0 |


