back

မြန်မာနိုင်ငံမှာ တစ်ရက်ထဲ အတွင်း မီးလောင်မှုမှတ်တမ်း (၂,၆၀၀) ကျော်ရှိခဲ့ပြီး အာဆီယံမှာ အများဆုံးဖြစ်နေ

Mar 10 • 2:46 AM

breaking-news

Myanmar

Local

cover

မြန်မာနိုင်ငံမှာ တစ်ရက်ထဲ အတွင်း မီးလောင်မှုမှတ်တမ်း (၂,၆၀၀) ကျော်ရှိခဲ့ပြီး အာဆီယံမှာ အများဆုံးဖြစ်နေ

မြန်မာနိုင်ငံတဝန်းမှာ နွေရာသီကာလ မီးလောင်မှုဖြစ်စဉ်တွေ အလွန်အမင်း များပြားလျက်ရှိရာ ပြီးခဲ့တဲ့ မတ်လ (၆) ရက်နေ့က တရက်တည်းမှာပင် မီးလောင်တဲ့နေရာ (၂,၆၂၀) ကျော်အထိ ...

မြန်မာနိုင်ငံတဝန်းမှာ နွေရာသီကာလ မီးလောင်မှုဖြစ်စဉ်တွေ အလွန်အမင်း များပြားလျက်ရှိရာ ပြီးခဲ့တဲ့ မတ်လ (၆) ရက်နေ့က တရက်တည်းမှာပင် မီးလောင်တဲ့နေရာ (၂,၆၂၀) ကျော်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။ဒီပမာဏာဟာ အာဆီယံဒေသတွင်း နိုင်ငံများအနက် အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံ (၆၅၆ နေရာ) ထက် သိသိသာသာ သာလွန်လျက်ရှိပါတယ်။မီးလောင်မှုအများဆုံး ဖြစ်ပွားနေတဲ့ ဒေသများမှာ မြန်မာပြည်အလယ်ပိုင်းရှိ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်တို့ဖြစ်ပါတယ်။အထူးသဖြင့် အညာဒေသရှိ မီးလောင်မှုတွေဟာ သဘာဝတောမီးလောင်ခြင်းထက် လူနေအိမ်တွေ မီးလောင်ခြင်းဖြစ်နိုင်ခြေ ပိုမိုများပြားနေတာ တွေ့ရပါတယ်။ဒီလို မီးလောင်မှုဖြစ်စဉ်တွေ များပြားတာဟာ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးထွက်ကုန် တင်ပို့မှုအပေါ် တိုက်ရိုက်အကျိုးသက်ရောက်လာနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။

news-view-count-icon

49