back

ကမ္ဘာ့စံချိန်တင် အနီကတ် (၂၃) ကြိမ်ပြခဲ့ရသည့် ဘရာဇီး ဘောလုံးပွဲ

Mar 10 • 2:45 AM

breaking-news

Myanmar

International

cover

ကမ္ဘာ့စံချိန်တင် အနီကတ် (၂၃) ကြိမ်ပြခဲ့ရသည့် ဘရာဇီး ဘောလုံးပွဲ

ယမန်နေ့ မတ်လ (၉)ရက်နေ့ မနက်ပိုင်းက ဘရားဇီးလိဂ်နောက်ဆုံးဗိုလ်လုပွဲအဖြစ် ခရူဇီယိုအသင်း နှင့် အက်တလစ်တီကို မင်နဲရိုးအသင်းတို့ ယှဉ်ပြိုင်ခဲ့သော ပွဲစဉ်တွင် အကြီးအကျယ...

ယမန်နေ့ မတ်လ (၉)ရက်နေ့ မနက်ပိုင်းက ဘရားဇီးလိဂ်နောက်ဆုံးဗိုလ်လုပွဲအဖြစ် ခရူဇီယိုအသင်း နှင့် အက်တလစ်တီကို မင်နဲရိုးအသင်းတို့ ယှဉ်ပြိုင်ခဲ့သော ပွဲစဉ်တွင် အကြီးအကျယ်ခိုက်ရန်ဖြစ်ပွားပြီး ၂သင်း အားကစားသမား ၂၃ဦးကို အနီကတ်ပြ ထုတ်ပယ်ခဲ့ရသည်။ ထိုပြိုင်ပွဲတွင် ခရူဇီယိုအသင်းက အက်သလက်တီကို မင်နဲရိုးအသင်းကို ၁-၀ဖြင့် အနိုင်ရရှိထားပြီး နောက်ဆုံးမိနစ်အချိန် တီကို မင်နဲရိုး ဂိုးသမားက ခရူဇီယိုတိုက်စစ်မှူးကို စတင်ပြီး ကိုယ်ထိလက်ရောက်လုပ်ရာမှ စတင်ပြီး အကြီးအကျယ်ခိုက်ရန်ဖြစ်ပွားခဲ့ကြသည်။ အက်သလက်တီကို မင်နဲရိုးအသင်းက ၁၁ဦး နှင့် ခရူဇီယိုဘက်က ၁၂ဦး အနီကတ်ပြသခဲ့သည်။ ယခင်စံချိန်တင်ထားခဲ့သည်မှာ ၁၉၅၄ ခုနှစ်တွင် ကစားခဲ့သည့် ortuguesa နဲ့ Botafogo တို့ပွဲစဥ်ဖြစ်ပြီး အနီကတ် (၂၂) ကတ် ဖြစ်သည်။

news-view-count-icon

29