back

ရန်ကုန်တက္ကစီလောကအတွင်းနေရာမသိဘဲ လုပ်ကိုင်လာသူများ များပြားလာ

Mar 10 • 2:41 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်တက္ကစီလောကအတွင်းနေရာမသိဘဲ လုပ်ကိုင်လာသူများ များပြားလာ

ယခုနောက်ပိုင်း ရန်ကုန်တွင် နေရာဒေသကိုသေချာမသိဘဲ မောင်းနှင်လုပ်ကိုင်လာသူများ တက္ကစီလောကအတွင်း များပြားလာကြောင်း စီးနင်းသောခရီးသည်များနှင့် အုံနာများထံမှ သိရသည်။“...

ယခုနောက်ပိုင်း ရန်ကုန်တွင် နေရာဒေသကိုသေချာမသိဘဲ မောင်းနှင်လုပ်ကိုင်လာသူများ တက္ကစီလောကအတွင်း များပြားလာကြောင်း စီးနင်းသောခရီးသည်များနှင့် အုံနာများထံမှ သိရသည်။“ဟိုနေ့က ကားငှားတော့နီးနီးလေးကို ၁၀၀၀၀ တဲ့၊ ဒီနားနီးနီးလေး သွားနေကျအဲလောက်မပေးရဘူးဆိုတော့ သူက Google Map မှာ ထောက်ကြည့်ပြီးမှ ဪ ဟုတ်သားပဲဆိုပြီး ပုံမှန်စျေးနဲ့ရခဲ့တာ”ဟု ခရီးသည်တစ်ဦးက ပြောသည်။ရန်ကုန်တွင် ယခင်ခေတ်ကာလက တက္ကစီမောင်းနှင်လုပ်ကိုင်မှုဖြင့် အသက်မွေးမည်ဆိုပါက လမ်းများနှင့် နေရာဒေသများစွာကို ကျွမ်းကျင်ပိုင်နိုင်အောင် သိရှိရန်လည်း လိုအပ်လေ့ရှိပြီး နောက်ပိုင်းတွင် Application ဖြင့် ဝန်ဆောင်လာသော စနစ်များ ပေါ်ပေါက်ပြီးသည့်နောက် တက္ကစီယာဉ်မောင်းအများစုမှာ Google Map ကို ကြည့်ရှုမောင်းနှင်ခြင်းများ ရှိလာခဲ့ကြသည်။ထိုကဲ့သို့သော နေရာမသိကြသည့် တက္ကစီယာဉ်မောင်းများမှာ Google Map ကိုသာ အားပြု၍ မောင်းနှင်လာခဲ့ကြပြီး ယခုနောက်ပိုင်း ပိုမို၍များပြားလာကြခြင်းလည်းဖြစ်သည်။ထိုသို့ဖြစ်ခြင်းမှာ နယ်ဒေသများမှ ရန်ကုန်မြို့သို့လာရောက်အခြေချပြီး လုပ်ကိုင်သူများလာခြင်းကြောင့် ဖြစ်ကြောင်း အုံနာများကြားမှ သိရသည်။

news-view-count-icon

18