back

ထိုင်းအစိုးရက ထိုင်းနိုင်ငံသား အမည်ခံထားတဲ့ နိုင်ငံခြား စီးပွားရေးလုပ်ငန်းမှတ်ပုံတင်မှုတွေကို တင်းကြပ်စွာ စစ်ဆေးမည်

Mar 10 • 2:31 AM

breaking-news

Thailand

Local News

cover

ထိုင်းအစိုးရက ထိုင်းနိုင်ငံသား အမည်ခံထားတဲ့ နိုင်ငံခြား စီးပွားရေးလုပ်ငန်းမှတ်ပုံတင်မှုတွေကို တင်းကြပ်စွာ စစ်ဆေးမည်

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေက ထိုင်းနိုင်ငံသားတွေကို အမည်ခံ (Nominee) အဖြစ် အသုံးပြုပြီး စီးပွားရေးလုပ်ကိုင်နေတာတွေကို တားဆီးနှိမ်နင်း...

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေက ထိုင်းနိုင်ငံသားတွေကို အမည်ခံ (Nominee) အဖြစ် အသုံးပြုပြီး စီးပွားရေးလုပ်ကိုင်နေတာတွေကို တားဆီးနှိမ်နင်းဖို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအောက်က စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု ဦးစီးဌာန (DBD) က ထိပ်တန်း ဥပဒေအကျိုးဆောင်ကုမ္ပဏီ ၁၇ ခုနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲကနေ ရရှိလာတဲ့ အကြံပြုချက်တွေကို စုစည်းပြီး ၂၀၂၆ ခုနှစ်အတွက် နိုင်ငံခြားသားတွေ ပါဝင်တဲ့ ကုမ္ပဏီမှတ်ပုံတင်ခြင်းဆိုင်ရာ စည်းမျဉ်းသစ်တွေ ရေးဆွဲသွားမှာ ဖြစ်ပါတယ်။လက်ရှိမှာ လုပ်ငန်းလည်ပတ်နေတဲ့ ကုမ္ပဏီ ၇၈၂,၅၄၂ ခု ရှိတဲ့အထဲက ၁၁၈,၀၁၆ ခုက နိုင်ငံခြားသား ရှယ်ယာ ၀ ဒသမ ၀၁ ရာခိုင်နှုန်းကနေ ၄၉ ဒသမ ၉၉ ရာခိုင်နှုန်းအထိ ပါဝင်ပေမယ့် ထိုင်းကုမ္ပဏီအဖြစ် သတ်မှတ်ခံထားရဆဲ ဖြစ်ပါတယ်။ အဲဒီကုမ္ပဏီတွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်က ထိုင်းနိုင်ငံသားတွေကို အမည်ခံခိုင်းထားတာ ဖြစ်နိုင်တယ်လို့ ဌာနက ခန့်မှန်းထားပါတယ်။

news-view-count-icon

16