back

ဘင်္ဂလားဒေ့ရှ်မှာ တက္ကသိုလ်တွေ၊ ကျောင်းတွေ ပိတ်လိုက်ပြီဖြစ်

Mar 10 • 2:30 AM

breaking-news

Myanmar

International

cover

ဘင်္ဂလားဒေ့ရှ်မှာ တက္ကသိုလ်တွေ၊ ကျောင်းတွေ ပိတ်လိုက်ပြီဖြစ်

အရှေ့အလယ်ပိုင်းမှာဖြစ်ပွားနေတဲ့ အီရန်စစ်ပွဲကြောင့် လောင်စာဆီပြတ်လပ်မှုတွေကြုံနေရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တက္ကသိုလ်တွေကို ပိတ်လိုက်ရသလို လောင်စာဆီရောင်းချမှ...

အရှေ့အလယ်ပိုင်းမှာဖြစ်ပွားနေတဲ့ အီရန်စစ်ပွဲကြောင့် လောင်စာဆီပြတ်လပ်မှုတွေကြုံနေရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တက္ကသိုလ်တွေကို ပိတ်လိုက်ရသလို လောင်စာဆီရောင်းချမှုကိုလည်း ကန့်သတ်လိုက်ပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ သူတို့ရဲ့ စွမ်းအင်လိုအပ်ချက် ၉၅ ရာခိုင်နှုန်းကို တင်သွင်းမှုအပေါ်မှာပဲ မှီခိုနေရတာဖြစ်ပြီး အခု အရှေ့အလယ်ပိုင်းကို ကူးစက်ပြန့်နှံ့သွားတဲ့ အီရန်စစ်ပွဲကြောင့် ဒီတင်သွင်းမှုတွေမှာ အနှောင့်အယှက်တွေ ဖြစ်ပေါ်ခဲ့တာပါ။လျှပ်စစ်နဲ့ လောင်စာဆီ ချွေတာဖို့အတွက် အရေးပေါ်အစီအစဉ်တစ်ရပ်အနေနဲ့ နိုင်ငံတစ်ဝန်းမှာရှိတဲ့ အစိုးရနဲ့ ပုဂ္ဂလိက တက္ကသိုလ်အားလုံးကို တနင်္လာနေ့ကစပြီး ပိတ်လိုက်တာဖြစ်ပြီး အီဒ်ပွဲတော် (Eid al-Fitr) ကျောင်းပိတ်ရက်ကိုလည်း ရှေ့တိုးသတ်မှတ်လိုက်ပါတယ်။ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် လျှပ်စစ်သုံးစွဲမှုကို လျှော့ချနိုင်ရုံတင်မကဘဲ လောင်စာဆီ အလေအလွင့်ဖြစ်စေတဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေကိုလည်း သက်သာစေလိမ့်မယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

news-view-count-icon

13