back

ရခိုင်ပြည်သို့ ဘိလပ်မြေတင်သွင်းသည့် မွတ်ဆလင် ၁၀ ဦးကို ဘင်္ဂလားဒေ့ရှ်ရေတပ် ဖမ်းဆီး

Mar 10 • 2:29 AM

breaking-news

Myanmar

Rakhine

cover

ရခိုင်ပြည်သို့ ဘိလပ်မြေတင်သွင်းသည့် မွတ်ဆလင် ၁၀ ဦးကို ဘင်္ဂလားဒေ့ရှ်ရေတပ် ဖမ်းဆီး

ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ရခိုင်ပြည်သို့ ဘိလပ်မြေ တင်သွင်းသည့် မွတ်ဆလင် ကုန်သည် ၁၀ ဦးကို ဘင်္ဂလားဒေ့ရှ်ရေတပ်က ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ရခိုင်ပြည်ဘက်သို...

ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ရခိုင်ပြည်သို့ ဘိလပ်မြေ တင်သွင်းသည့် မွတ်ဆလင် ကုန်သည် ၁၀ ဦးကို ဘင်္ဂလားဒေ့ရှ်ရေတပ်က ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ရခိုင်ပြည်ဘက်သို့ ကုန်ပစ္စည်းများ တင်သွင်းရန် စက်လှေနှင့် သယ်ဆောင်လာသော မွတ်ဆလင် ကုန်သည် ၁၀ ဦးကို ယမန်နေ့က ကော့ဇ်ဘဇားခရိုင် စိန့်မာတင်ကျွန်းအနီးတွင် ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။ ဘင်္ဂလားဒေ့ရှ်ငွေ တာကာ ၃ သိန်းခန့် တန်ဖိုးရှိသော ဘိလပ်မြေ အိတ် ၆၀၀ နှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တက် အရာရှိတစ်ဦးက ပြောကြားထားသည်။

news-view-count-icon

13