ရှမ်းတောင် - ကယား (ကရင်နီ)နယ်စပ်တွင် ဖွင့်လှစ်ထားသည့် ကိန္နရီပညာရေး စင်တာ၏ နွေရာသီ (၂) လတာ သင်တန်းအတွက် သင်တန်းသားများ ခေါ်ယူနေကြောင်း အသိပေးထုတ်ပြန်ထားသည်။ကိန္နရီပညာရေး စင်တာ၏ နွေရာသီ (၂) လတာ သင်တန်းတွင် ကွန်ပျူတာ ၊ အခြေခံစက်ချုပ် နှင့် ဂီတာ တို့ကို သင်ကြားပေးသွားမည် ဖြစ်ပြီး သင်တန်းသား ဦးရေ (၄၀) အထိ လက်ခံသွားမည် ဖြစ်ကြောင်း ကိန္နရီပညာရေးစင်တာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေရီရယ်က ပြောသည်။ " ကျောင်းပြင်ပ ရောက်နေတဲ့ လူငယ်တွေအနေနဲ့ ရေရှည် အသက်မွေး ဝမ်း ကျောင်း တစ်ခု အစပြုနိုင်ပြီး မိသားစုအတွက် တစ်ဖက်တစ်လမ်း ကနေ အထောက်အကူပြုနိုင်ဖို့ ရည်ရွယ်ပြီး ဖွင့်ဖြစ်တာပါ " ဟု ၎င်းကဆိုသည်။ နွေရာသီ သင်တန်းအတွက် လျှောက်လွှားများကို ၂၀၂၆ ခုနှစ် ၊ မတ်လ ၁၀ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျောင်းပြင်ပ ရောက်နေသည့် လူငယ်များ လျှောက်ထား နိုင်ပြီး မတ်လ (၁၆) ရက်နေ့မှာ သင်တန်းစတင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။



