back

ပြည်သူများအတွက် EV နည်းပညာလိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ဆောင်ရွက်နေ

Mar 10 • 2:17 AM

breaking-news

Myanmar

Local

breaking-news
cover

ပြည်သူများအတွက် EV နည်းပညာလိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ဆောင်ရွက်နေ

ပြည်သူများအတွက် EV နည်းပညာလိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် သင်တန်းသား၏ တက်ရောက်နိုင်မှုနှင့် တက်ရောက်လိုသည့် နည်းပညာတို...

ပြည်သူများအတွက် EV နည်းပညာလိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် သင်တန်းသား၏ တက်ရောက်နိုင်မှုနှင့် တက်ရောက်လိုသည့် နည်းပညာတို့အပေါ် မူတည်၍ စိတ်ကြိုက်သင်တန်းများကိုပါ စဉ်ဆက်မပြတ် တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

EV Mechanics သင်တန်း ဖွင့်ပွဲကို ယမန်နေ့က အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) ၌ Hybrid စနစ်ဖြင့် ကျင်းပရာ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ကဆိုသည်။

news-view-count-icon

25