back

ပြည်တွင်း၌ အခေါက်ရွှေဈေးနှုန်း အကျများပြီးနောက် အနည်းငယ်ပြန်တက်

Mar 10 • 2:42 AM

breaking-news

Myanmar

Local

cover

ပြည်တွင်း၌ အခေါက်ရွှေဈေးနှုန်း အကျများပြီးနောက် အနည်းငယ်ပြန်တက်

အရှေ့အလယ်ပိုင်း ပဋိပက္ခများ ဖြစ်ပွားနေသည့် ကာလအတွင်း လောင်စာဆီဈေးနှုန်းများ မြင့်တက်နေသော်လည်း နိုင်ငံတကာဈေးကွက်တွင် ရွှေဈေးနှုန်း ၄ ရာခိုင်နှုန်းဝန်းကျင်အထိ ကျ...

အရှေ့အလယ်ပိုင်း ပဋိပက္ခများ ဖြစ်ပွားနေသည့် ကာလအတွင်း လောင်စာဆီဈေးနှုန်းများ မြင့်တက်နေသော်လည်း နိုင်ငံတကာဈေးကွက်တွင် ရွှေဈေးနှုန်း ၄ ရာခိုင်နှုန်းဝန်းကျင်အထိ ကျဆင်းသွားသဖြင့် ပြည်တွင်းအခေါက်ရွှေဈေးနှုန်းပါ လိုက်ပါကျဆင်းခဲ့သည်။နိုင်ငံတကာဈေးနှုန်းအပေါ် မူတည်၍ ဈေးဖွင့်နေသည့် ပြည်တွင်းပြင်ပရွှေဈေးကွက်တွင် ရက်သတ္တပတ်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၄၀၀,၀၀၀ ဝန်းကျင်အထိ ဈေးကျဆင်းခဲ့ပြီးနောက် ကျပ် ၁၀၀,၀၀၀ ကျော် ပြန်လည်မြင့်တက်လာခြင်း ဖြစ်သည်။ပြင်ပဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၁,၁၀၀,၀၀၀ ဝန်းကျင်မှ ၁၀,၇၀၀,၀၀၀ ကျော်အထိ ကျဆင်းခဲ့ပြီး ယခုအခါ ကျပ် ၁၀,၈၃၀,၀၀၀ ဝန်းကျင်တွင် ပြန်လည်ရှိနေသည်။ ပြင်ပဈေးကွက်အတွင်း ရွှေဈေးနှုန်း အတက်အကျ မြန်ဆန်နေမှုကြောင့် အရောင်းအဝယ် လုပ်ငန်းများ လုပ်ကိုင်ရာတွင် အခက်အခဲများ ရှိနေကြောင်း လက်ဝတ်ရတနာ အရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။

news-view-count-icon

23