back

မကွေးတိုင်းတွင် နှစ်စဉ် နှမ်းတန်ချိန်(၃,၀၀၀)ဝန်းကျင် တင်ပို့နေရ

Mar 10 • 1:22 AM

breaking-news

Myanmar

Magway

cover

မကွေးတိုင်းတွင် နှစ်စဉ် နှမ်းတန်ချိန်(၃,၀၀၀)ဝန်းကျင် တင်ပို့နေရ

မကွေးမြို့ရှိ မြေလတ်သားအထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းကနေ ဒေသထွက်နှမ်းတွေကို အခွံ ချွတ်သန့်စင်ပြီး ပြည်ပနိုင်ငံတွေကို တင်ပို့နေရာမှာ နှစ်စဉ် နှမ်းတန်ချိန် ...

မကွေးမြို့ရှိ မြေလတ်သားအထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းကနေ ဒေသထွက်နှမ်းတွေကို အခွံ ချွတ်သန့်စင်ပြီး ပြည်ပနိုင်ငံတွေကို တင်ပို့နေရာမှာ နှစ်စဉ် နှမ်းတန်ချိန် (၃,၀၀၀)ဝန်းကျင်အထိ ရှိနေပြီး တစ်နှစ် ကို ကျပ်သိန်းပေါင်း (၇)သောင်းကျော် ရရှိနေတယ်လို့ မြေလတ်သားအထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမ အသင်းကနေ သိရပါတယ်။

ပြည်ပကို နှမ်းတင်ပို့ရာမှာ ကုန်ကြမ်းအနေနဲ့မတင်ပို့ဘဲ ကုန်ချောထုတ်လုပ်ပြီး တင်ပို့တာကြောင့် ဈေးကောင်း ရသလို အရှေ့တောင်အာရှနိုင်ငံတော်တော်များများကို တင်ပို့နေရပြီး တရုတ်၊ ထိုင်းနဲ့ စင်ကာပူတို့ကို အများဆုံး တင်ပို့ရတယ်လို့ သိရပါတယ်။မကွေးကနေ နှမ်းတွေကို ကုန်ချောအဖြစ် ထွက်ရှိဖို့အတွက် တိုင်းဒေသကြီးအတွင်းကထွက်ရှိတဲ့ နှမ်းတွေသာမက တခြားတိုင်းဒေသကြီးတွေကထွက်ရှိတဲ့ နှမ်းတွေကို ပါဝယ်ယူပြီး အခွံချွတ်သန့်စင်ကာ အခြောက်ခံ ထုတ်လုပ် တာ ဖြစ်ပါတယ်။ရရှိလာတဲ့နှမ်းကုန်ချောတွေကို ၂၀ ကီလိုဂရမ်၊ ၂၅ ကီလိုဂရမ်၊ ၃၀ ကီလိုဂရမ် အစရှိသဖြင့် ထုပ်ပိုးပြီး မြေလတ် သား အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းရုံးခွဲ ရန်ကုန်ရုံးကနေ ပြည်ပကို တင်ပို့တာတွေ လုပ်ဆောင် နေတယ်လို့ သိရပါတယ်။

news-view-count-icon

13