မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) အနေနဲ့ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၏ (၁၁) လတာကာလအတွင်း ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၂ ဒသမ ၅ သန်းကျော် တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ သန်း ၇၉၀ ရရှိထားကြောင်း ၎င်း၏ စာရင်းများအရ သိရပါတယ် ။ဘဏ္ဍာနှစ်စ ၂၀၂၅ ခုနှစ် ဧပြီလကနေ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ ၁၁ လတာကာလအတွင်း မြန်မာနိုင်ငံကနေ ပြည်ပနိုင်ငံတွေကို ဆန်နှင့်ဆန်ကွဲ တန်ချိန် ၂ ဒသမ ၅၀၆ သန်း တင်ပို့နိုင်ခဲ့တာဖြစ်ပြီး လအလိုက်တင်ပို့မှုများကို ကြည့်ပါက ဧပြီလတွင် ဒေါ်လာ ၅၂ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁၄၂,၇၈၈ တန်၊ မေလတွင် ဒေါ်လာ ၉၀ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂၅၉,၅၀၁ တန် တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံမှ (၁၁) လတာအတွင်း ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၂.၅ သန်းကျော်တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ သန်း ၇၉၀ ရရှိထား
Mar 10 • 1:22 AM
Myanmar
Local
Share
| 25 | 0 | 0 | 0 |


