back

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသည့် ကာလအတွင်း အနှောင့်အယှက်ဖြစ်စေမည့် ဆိုင်များ ခေတ္တပိတ်ရန် ညွှန်ကြားထား

Mar 10 • 1:18 AM

breaking-news

Myanmar

Local

cover

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသည့် ကာလအတွင်း အနှောင့်အယှက်ဖြစ်စေမည့် ဆိုင်များ ခေတ္တပိတ်ရန် ညွှန်ကြားထား

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် စာရင်းသွင်းဦးရေ ၂၆၅,၀၀၀ ဦးရှိပြီး စာမေးပွဲကာလအတွင်း အနှောင့်အယှက်ဖြစ်စေမည့် ဆိုင်များကို ခေတ္တပိတ်ရန် ညွှန်ကြားထားကြေ...

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် စာရင်းသွင်းဦးရေ ၂၆၅,၀၀၀ ဦးရှိပြီး စာမေးပွဲကာလအတွင်း အနှောင့်အယှက်ဖြစ်စေမည့် ဆိုင်များကို ခေတ္တပိတ်ရန် ညွှန်ကြားထားကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရပါတယ်။အဆိုပါ စာမေးပွဲကို လာမယ့် မတ်လ ၁၁ ရက်ကနေ ၁၇ ရက်အထိ ကျင်းပပြုလုပ်မှာဖြစ်ပြီး ပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်စေသည့် အရက်ဆိုင်၊ စင်တင်တေးဂီတဆိုင်၊ ကာရာအိုကေဆိုင်၊ ဘိလိယက်ခုံနှင့် အင်တာနက်ဆိုင်များကို မတ်လ (၈) ရက်နေ့မှစပြီး (၁၇)ရက်နေ့အထိခေတ္တပိတ်ထားရန်နှင့် အသံချဲ့စက်အပါအဝင် ဆူညံသံများမဖြစ်ပေါ်စေရေး ညွှန်ကြားထားတယ်လို့လည်း ပုဂ္ဂလိကပညာရေးအသိုင်းအဝိုင်းထံမှ သိရပါတယ်။၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပြည်ပစာစစ်ဌာနတွေအပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာန ၈၉၀ ခန့်ဖြင့် ဖွင့်လှစ်စစ်ဆေးမှာဖြစ်ကြောင်းနှင့် စားမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာဒေသအာဏာပိုင်များ၊ အသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ထားတယ်လို့လည်း ပညာရေးဝန်ကြီးဌာနမှ သိရပါတယ်။

news-view-count-icon

22