back

မူဆယ်တွင် စူပါမားကက်ပိုင်ရှင်ကို ပြန်ပေးဆွဲသူ ၃ ဦး ဖမ်းမိ

Mar 09 • 4:26 PM

breaking-news

Myanmar

Shan

cover

မူဆယ်တွင် စူပါမားကက်ပိုင်ရှင်ကို ပြန်ပေးဆွဲသူ ၃ ဦး ဖမ်းမိ

ယနေ့ မတ်လ ၉ ရက်၊ နေ့လယ်ပိုင်းတွင် မူဆယ်မြို့၊ ဆွမ်စော်ရပ်ကွက်၌ ခိုအောင်းနေသည့် ပြန်ပေးသမား ၃ ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ပြန်ပေးဆွဲခံထားရသည့် ဆိုင်ရှင်အမျိ...

ယနေ့ မတ်လ ၉ ရက်၊ နေ့လယ်ပိုင်းတွင် မူဆယ်မြို့၊ ဆွမ်စော်ရပ်ကွက်၌ ခိုအောင်းနေသည့် ပြန်ပေးသမား ၃ ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ပြန်ပေးဆွဲခံထားရသည့် ဆိုင်ရှင်အမျိုးသမီးကိုလည်း ဘေးကင်းစွာ ကယ်ဆယ်နိုင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ဖမ်းဆီးရမိစဉ်အတွင်း ၎င်းတို့အသုံးပြုခဲ့သည့် လက်နက်များနှင့် ကားများအပြင်၊ အနက်ရောင်ကားတစ်စီးကိုပါ ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ယင်းပြန်ပေးဆွဲမှုသည် ယမန်နေ့ မတ်လ ၈ ရက်၊ ညနေ ၅ နာရီခွဲခန့်တွင် မူဆယ်မြို့၊ မင်္ဂလာမူဆယ်ရပ်ကွက်ရှိ "Wangcai" စူပါမားကက်ပိုင်ရှင်ကို ပြည်သူ့စစ်ယူနီဖောင်းဝတ် လက်နက်ကိုင် ၃ ဦးက ကားဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။



news-view-count-icon

21