back

တောင်ကြီးမြို့ အနီး ညိုးမီးတွင် လယ်ယာမြေကို အကွက်ရိုက် ရောင်းချခြင်းကြောင့် ဝယ်ယူသူများ နစ်နာမှုကြုံတွေ့

Mar 09 • 4:24 PM

breaking-news

Myanmar

Shan

cover

တောင်ကြီးမြို့ အနီး ညိုးမီးတွင် လယ်ယာမြေကို အကွက်ရိုက် ရောင်းချခြင်းကြောင့် ဝယ်ယူသူများ နစ်နာမှုကြုံတွေ့

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ အနီး ညိုးမီး ကျေးရွာတွင်မြေကွက်ဝယ်ယူသူများ၏ ပြောကြားချက်အရ အဆိုပါမြေကွက်များကို ရောင်းချချိန်တွင် အိမ်ခြံမြေပွဲစားများက ...

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ အနီး ညိုးမီး ကျေးရွာတွင်မြေကွက်ဝယ်ယူသူများ၏ ပြောကြားချက်အရ အဆိုပါမြေကွက်များကို ရောင်းချချိန်တွင် အိမ်ခြံမြေပွဲစားများက “ရွာမြေစစ်စစ်” ဟု အာမခံပြောကြားခဲ့သော်လည်း လက်ရှိတွင် လယ်ယာမြေဟုဆိုကာ ခြံကာအုတ်တံတိုင်များ ဖျက်ဆီးခံရခြင်းကြောင့် ဝယ်ယူသူများနစ်နာမှု ကြုံတွေ့နေရသည်။အဆိုပါဒေသတွင် ယခင်ကလည်း အုတ်တံတိုင်များ ဖျက်ဆီးခံရမှုများရှိခဲ့ပြီး လက်ရှိတွင် အုတ်တံတိုင်းများကို ဒုတိယအကြိမ် ထပ်မံဖျက်ဆီးခံရခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ဒေသခံများအနေဖြင့် လယ်ယာမြေကို ခြံကွက်အဖြစ် ဝယ်ယူလိုသူများအား မြေစာရင်းတွင် မြေအမျိုးအစားမှန်ကန်မှုရှိမရှိကို ကြိုတင်စစ်ဆေးပြီးမှ ဝယ်ယူရန် သတိပေးနေကြသည်။ထို့အပြင် လယ်ယာမြေတွင် ခြံကာလိုပါက အပင်များ စိုက်ပျိုးထားခြင်း သို့မဟုတ် လူနေအိမ်အသေးစား တည်ဆောက်ထားခြင်းရှိပါက ဖျက်ဆီးခံရနိုင်ခြေ နည်းနိုင်ကြောင်း ဒေသခံများက အကြံပြုထားသည်။



news-view-count-icon

14