back

မွန်ပြည်နယ်ရှိ ပြည်နယ်အဆင့် လူမှုကူညီရေးအသင်းများကို မတည်ငွေ အနည်းဆုံး ကျပ်သိန်း ၅၀၀ ထားရှိရန် အသိပေးထား

Mar 09 • 4:23 PM

breaking-news

Myanmar

Mon

cover

မွန်ပြည်နယ်ရှိ ပြည်နယ်အဆင့် လူမှုကူညီရေးအသင်းများကို မတည်ငွေ အနည်းဆုံး ကျပ်သိန်း ၅၀၀ ထားရှိရန် အသိပေးထား

မွန်ပြည်နယ်ရှိ ပြည်နယ်အဆင့် လူမှုကူညီရေးအသင်းများ ဘဏ်စာရင်းအတွင်း မတည်ငွေကျပ်သိန်း ၅၀၀ အနည်းဆုံးထားရှိရန် အသိပေးထားကြောင်း သိရသည်။မှတ်ပုံတင်သက်တမ်းကုန်ဆုံးနေသော...

မွန်ပြည်နယ်ရှိ ပြည်နယ်အဆင့် လူမှုကူညီရေးအသင်းများ ဘဏ်စာရင်းအတွင်း မတည်ငွေကျပ်သိန်း ၅၀၀ အနည်းဆုံးထားရှိရန် အသိပေးထားကြောင်း သိရသည်။မှတ်ပုံတင်သက်တမ်းကုန်ဆုံးနေသော မွန်ပြည်နယ်မှ ပြည်နယ်အဆင့် လူမှုကူညီရေးအသင်း ၁၃ သင်းကို ဘဏ်စာရင်းအတွင်း မတည်ငွေ သိန်း ၅၀၀ ထားရှိပြီးမှ သက်တမ်းတိုးခြင်းဆောင်ရွက်နိုင်မည်ဟု ဖေဖော်ဝါရီ နောက်ဆုံးအပတ်က အသိပေးပြောဆိုလာကြောင်း မွန်ပြည်နယ် လူမှုကူညီရေးအသင်းတစ်သင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။ထို့ကြောင့် လူမှုကူညီရေးအသင်းအချို့မှာ မတည်ငွေကျပ်သိန်း ၅၀၀ ထားရှိရမည့်ငွေပမာဏကြောင့် အခက်တွေ့နေသည်ဟု လူမှုကူညီရေးအသင်းတစ်သင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။လက်ရှိတွင် မတည်ငွေ ကျပ်သိန်း ၅၀၀ ကြောင့် အသင်းတစ်ချို့မှာ သက်တမ်းတိုးနိုင်ခြင်းမရှိဘဲ ရပ်နားကြရမည့်အခြေအနေ ဖြစ်နေကြောင်း သိရသည်။



news-view-count-icon

12