back

မန္တလေးနဲ့ ပြင်ဦးလွင်မှာ ဝှီးတက်နဲ့ဒစ်စဝိုင်းပါမှ ဆီဖြည့်ခွင့်ရမယ်လို့ လိုက်လံကြေညာနေ

Mar 09 • 3:22 PM

breaking-news

Myanmar

Mandalay

cover

မန္တလေးနဲ့ ပြင်ဦးလွင်မှာ ဝှီးတက်နဲ့ဒစ်စဝိုင်းပါမှ ဆီဖြည့်ခွင့်ရမယ်လို့ လိုက်လံကြေညာနေ

မတ်လ ၈ ရက်မှာ ပြင်ဦးလွင်မြို့နဲ့ မတ်လ ၅ ရက်က မန္တလေးမြို့ပေါ်ရပ်ကွက်တွေမှာ မန္တလေးမြို့နဲ့ ပြင်ဦးလွင်မြို့ရှိ ရပ်ကွက်တွေမှာ ကား၊ ဆိုင်ကယ်ဆီဖြည့်ပါက စုံ၊ မ ကန့်သ...

မတ်လ ၈ ရက်မှာ ပြင်ဦးလွင်မြို့နဲ့ မတ်လ ၅ ရက်က မန္တလေးမြို့ပေါ်ရပ်ကွက်တွေမှာ မန္တလေးမြို့နဲ့ ပြင်ဦးလွင်မြို့ရှိ ရပ်ကွက်တွေမှာ ကား၊ ဆိုင်ကယ်ဆီဖြည့်ပါက စုံ၊ မ ကန့်သတ်ချက်အပြင် ဝှီးတက် (Wheel Tag) နဲ့ ဒစ်စဝိုင်း(Disk/Disc)ကဒ်တွေပါမှသာ ဆီဖြည့်ခွင့်ရမယ်ဆိုပြီး လိုက်လံအသိပေးကြေညာခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒါ့အပြင် ဆိုင်ကယ် ၁ စီးကို ၁ ကြိမ် ဓါတ်ဆီ ၂ လီတာ၊ သုံးဘီး ၁ စီးကို ၄ လီတာနဲ့ အိမ်စီးကား ၁ စီးကို ၁၂ လီတာသာ ရောင်းချသွားမယ်လို့လည်း သိရပါတယ်။သတ်မှတ်တဲ့ရက်ကနေ မတ်လ ၁၃ ရက်အထိ ပညာပေးကာလသတ်မှတ်ထားကာ ၁၃ ရက် နောက်ပိုင်းမလိုက်နာတဲ့ ယာဉ်တွေကိုဒဏ် ငွေ ၂ သောင်း၊ ထောင်ဒဏ် ၁ လ၊ ဒဏ် ၂ ရပ်လုံးချမှတ်သွားမယ်လို့ မတ်လ ၆ ရက်မှာ ထုတ်ပြန်ကြေညာထားခဲ့ပါတယ်။ 




news-view-count-icon

23