အသက် ၅၈ နှစ်အရွယ်ရှိတဲ့ စင်ကာပူနိုင်ငံသား Ong Hiap Leong ဟာ တရားဝင်ဇနီးသည် ရှိနေလျက်နဲ့ အမေရိကန်နိုင်ငံမှာ နောက်ထပ်အမျိုးသမီးတစ်ဦးကို တိတ်တဆိတ် လက်ထပ်ခဲ့တာကြောင့် ထောင်ဒဏ် ၂ လနဲ့ ၂ ပတ် ချမှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ ဒီအမှုဟာ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့မှာ ၎င်းရဲ့ ဒုတိယဇနီးဖြစ်သူ Loh Wai Han က ရဲစခန်းမှာ တိုင်ကြားခဲ့ရာကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ၈ နှစ်ကျော်ကြာ လက်တွဲခဲ့ကြပေမဲ့ နောက်ပိုင်းမှာ ဆက်ဆံရေး အဆင်မပြေ ဖြစ်လာခဲ့တာကြောင့် နစ်နာသူ Loh က အခုလို တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။ တရားရုံးမှတ်တမ်းတွေအရ Ong ဟာ ၁၉၉၂ ခုနှစ်ကတည်းက ပထမဇနီး Lim Li Ying နဲ့ လက်ထပ်ခဲ့ပြီး သားသမီး ၂ ဦး ထွန်းကားခဲ့ပါတယ်။ တရားလိုဘက်က ထောင်ဒဏ် ၃ လကနေ ၄ လအထိ တောင်းဆိုခဲ့ပေမဲ့ ပထမဇနီးနဲ့ သားသမီးတွေက ခွင့်လွှတ်ကြောင်း တရားရုံးကို တင်ပြခဲ့ပါတယ်။ ဒါကြောင့် ပြစ်ဒဏ် အနည်းငယ် လျှော့ပေါ့ပေးခဲ့တာ ဖြစ်ပါတယ်။ Ong ဟာ ၎င်းရဲ့ ထောင်ဒဏ်ကို ၂၀၂၆ ခုနှစ်၊ မတ်လ ဒုတိယပတ်ကစပြီး စတင်ကျခံရတော့မှာ ဖြစ်ပါတယ်။



