back

ဂျပန်နိုင်ငံ JR အမြန်ရထားပေါ်မှာ ဓားနဲ့ ခြိမ်းခြောက်ပြီး လက်မှတ်စစ်ကို ဒဏ်ရာရစေခဲ့တဲ့ အမျိုးသားကို တရားစွဲဆို

Mar 09 • 2:58 PM

breaking-news

Japan

Local News

cover

ဂျပန်နိုင်ငံ JR အမြန်ရထားပေါ်မှာ ဓားနဲ့ ခြိမ်းခြောက်ပြီး လက်မှတ်စစ်ကို ဒဏ်ရာရစေခဲ့တဲ့ အမျိုးသားကို တရားစွဲဆို

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့ညက JR ဒိုဆန်လိုင်းပေါ်မှာ ပြေးဆွဲနေတဲ့ "နန်ဖူး" အမြန်ရထားပေါ်မှာ ခရီးသည်တွေကို ဓားနဲ့ခြိမ်းခြောက်ပြီး လက်မှတ်စစ်ကို ဒဏ်ရာရအောင် လု...

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့ညက JR ဒိုဆန်လိုင်းပေါ်မှာ ပြေးဆွဲနေတဲ့ "နန်ဖူး" အမြန်ရထားပေါ်မှာ ခရီးသည်တွေကို ဓားနဲ့ခြိမ်းခြောက်ပြီး လက်မှတ်စစ်ကို ဒဏ်ရာရအောင် လုပ်ခဲ့တဲ့ အမျိုးသားကို အစိုးရရှေ့နေရုံးက တရားစွဲဆိုလိုက်ပါတယ်။ အခုလို တရားစွဲဆိုခံရသူကတော့ အိုဆာကာပြည်နယ်၊ ဟိရာကာတမြို့မှာ နေထိုင်တဲ့ အသက် ၆၃ နှစ်အရွယ် ရာမာအူချီ မိုတိုမာစာ (Motomasa Yamauchi) ဖြစ်ပါတယ်။ သူ့ကို မတ်လ ၉ ရက်နေ့မှာ ကိုချီခရိုင် အစိုးရရှေ့နေရုံးကနေ ပြစ်မှု ၃ ခုနဲ့ တရားစွဲဆိုခဲ့တာပါ။ ဖြစ်စဉ်အရ ရာမာအူချီဟာ အိုးတိုယိုမြို့နယ်အတွင်း ခုတ်မောင်းနေတဲ့ ရထားပေါ်မှာ ၈.၂ စင်တီမီတာလောက်ရှိတဲ့ ဓားတစ်ချောင်းကို ကိုင်ဆောင်ပြီး "ငါ့မှာ ဓားပါတယ်" လို့ အော်ဟစ်ကာ အမျိုးသမီးခရီးသည်တစ်ဦးရဲ့ ပါးကို ဓားနဲ့ဖိပြီး ခြိမ်းခြောက်ခဲ့ပါတယ်။ အဲဒီနောက် သူ့ဆီက ဓားကို လုယူဖို့ ကြိုးစားတဲ့ အသက် ၆၀ အရွယ် လက်မှတ်စစ်ကိုလည်း လက်ချောင်းတွေမှာ ဒဏ်ရာရအောင် လုပ်ခဲ့တယ်လို့ သိရပါတယ်။


 

news-view-count-icon

1