back

စက်သုံးဆီဂယက်ကြောင့် ရှမ်းအရှေ့တွင် ယာဉ်စီးခများ နှစ်ဆနီးပါး မြင့်တက်

Mar 09 • 12:07 PM

breaking-news

Myanmar

Shan

cover

စက်သုံးဆီဂယက်ကြောင့် ရှမ်းအရှေ့တွင် ယာဉ်စီးခများ နှစ်ဆနီးပါး မြင့်တက်

တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းဆတ်နှင့် မိုင်းတုံမြို့များမှ ပြေးဆွဲနေသည့် မော်တော်ယာဉ်များသည် စက်သုံးဆီဝယ်ယူရမှု ခက်ခဲလာခြင်းနှင့် အပြင်ဈေးဖြင့် ဝယ်ယူနေရခြင်းတို...

တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းဆတ်နှင့် မိုင်းတုံမြို့များမှ ပြေးဆွဲနေသည့် မော်တော်ယာဉ်များသည် စက်သုံးဆီဝယ်ယူရမှု ခက်ခဲလာခြင်းနှင့် အပြင်ဈေးဖြင့် ဝယ်ယူနေရခြင်းတို့ကြောင့် ယာဉ်စီးခများကို တိုးမြှင့်ကောက်ခံလာရခြင်း ဖြစ်သည်။တာချီလိတ်-ကျိုင်းတုံ ပြေးဆွဲသည့် ယာဉ်စီးခမှာ ယခင်က ထိုင်းဘတ်ငွေ ၂၆၀ သာ ရှိရာမှ မတ်လ ၇ ရက်မှစ၍ ဘတ် ၃၆၀ အထိ မြင့်တက်လာသည်။ ထို့အတူ တာချီလိတ်-မိုင်းတုံ ကားခမှာလည်း ယခင်က ဘတ် ၆၀၀ မှ ယခုအခါ ဘတ် ၁,၂၀၀ အထိ နှစ်ဆ မြင့်တက်သွားကြောင်း သိရသည်။မိုင်းဆတ်-တောင်ကြီး လမ်းကြောင်းတွင်လည်း ယခင်က ရှေ့ခန်း ကျပ်တစ်သိန်း၊ နောက်ခန်း ၈ သောင်းခွဲသာ ရှိခဲ့သော်လည်း ယခုအခါ မည်သည့်ထိုင်ခုံမှစီးစီး တစ်ဦးလျှင် ကျပ်တစ်သိန်းခွဲအထိ ပေါက်ဈေးရှိနေကြောင်း၊ Probox ကားငယ်များမှာလည်း ခရီးသည် ၅ ဦးပြည့်မှသာ ပြေးဆွဲနိုင်သည့် အခြေအနေဖြစ်နေကြောင်း ကားသမားများက ဆိုသည်။စက်သုံးဆီဈေးနှုန်းများမှာ ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၃,၅၀၀ မှ ယခုအခါ ကျပ် ၇,၀၀၀ ခန့်အထိ နှစ်ဆနီးပါး မြင့်တက်လာပြီး လိုသလောက် ဝယ်ယူ၍မရသည့် အခြေအနေဖြစ်နေသည်။



news-view-count-icon

13