back

တာချီလိတ်မှ ထောပတ်သီးများ ထိုင်းဘက်မှ အဝင်မခံသဖြင့် ကုန်သည်များ အရှုံးကြီး၊ လမ်းဘေးတွင် အခမဲ့ ဝေပေးနေရ

Mar 09 • 12:08 PM

breaking-news

Myanmar

Shan

cover

တာချီလိတ်မှ ထောပတ်သီးများ ထိုင်းဘက်မှ အဝင်မခံသဖြင့် ကုန်သည်များ အရှုံးကြီး၊ လမ်းဘေးတွင် အခမဲ့ ဝေပေးနေရ

တာချီလိတ်မြို့မှတစ်ဆင့် ထိုင်းနိုင်ငံသို့ တင်ပို့နေသည့် ထောပတ်သီးများကို ထိုင်းနိုင်ငံဘက်မှ အဝင်မခံတော့သဖြင့် တင်ပို့သူကုန်သည်များ အမြောက်အမြား အရှုံးပေါ်နေကြော...

တာချီလိတ်မြို့မှတစ်ဆင့် ထိုင်းနိုင်ငံသို့ တင်ပို့နေသည့် ထောပတ်သီးများကို ထိုင်းနိုင်ငံဘက်မှ အဝင်မခံတော့သဖြင့် တင်ပို့သူကုန်သည်များ အမြောက်အမြား အရှုံးပေါ်နေကြောင်း ကုန်သည်များထံမှ သိရသည်။ယင်းထောပတ်သီးများကို ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်အထိ ပုံမှန်တင်သွင်းခွင့်ရရှိခဲ့သော်လည်း မတ်လဆန်းပိုင်းမှစ၍ ထိုင်းအကောက်ခွန်ဌာနက တင်သွင်းမှုကို ရုတ်တရက် ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း ကုန်သည်များထံမှ သိရသည်။၂၅ ကီလိုဂရမ်ပါ ထောပတ်သီးတစ်ဖာလျှင် အရင်းဈေး ကျပ် ၂ သိန်းခွဲ (တစ်ကီလိုလျှင် ကျပ် တစ်သောင်းခန့်) ရှိသော်လည်း၊ ယခုအခါ တာချီလိတ်၌ တစ်ကီလိုလျှင် ထိုင်းဘတ်ငွေ ၁၀ ဘတ် (ကျပ် တစ်ထောင်ကျော်) ဖြင့်သာ ပြန်လည်ရောင်းချနေရကြောင်း၊ အချို့ကုန်သည်များမှာ ရောင်းမထွက်တော့သဖြင့် အလကားပေးဝေခြင်းနှင့် စွန့်ပစ်ခြင်းများပါ ပြုလုပ်နေကြရကြောင်း သိရသည်။ယနေ့ မတ်လ ၉ ရက် နံနက်ပိုင်းတွင် တာချီလိတ်မြို့၊ ဆေးရုံဟောင်းရှေ့၌ ထောပတ်သီးကုန်စည်ဒိုင်တစ်ခုက အချိန် ၄,၀၀၀ ကျော်ရှိသော ထောပတ်သီးများကို အများပြည်သူထံ အခမဲ့ ပေးဝေခဲ့သလို အခြားကုန်သည်တစ်ဦးကလည်း အထားမခံသဖြင့် စွန့်ပစ်ရသည့် ထောပတ်သီးများ တန်ချိန်ဆယ်ချီရှိနေပြီဖြစ်ကြောင်း ပြောသည်။



news-view-count-icon

31