ရှမ်းပြည်တောင်ပိုင်း၊ နောင်တရားဒေသတွင် စက်သုံးဆီဈေးနှုန်း မြင့်တက်လာပြီး ဝယ်ယူရန်ခက်ခဲလာခြင်းကြောင့် အာလူးစိုက်တောင်သူများ စိုက်ခင်းများကို အချိန်မီ ရေမဖျန်းပေးနိုင်တော့သဖြင့် အချို့တောင်သူများသည် အရှုံးခံကာ စိုက်ခင်းများကို ပစ်ထားရကြောင်း ဒေသခံများထံမှ သိရသည်။ဒေသခံတောင်သူများ အဆိုအရ အာလူးစိုက်ခင်းများတွင် ရေဖျန်းရန်အတွက် ရေတင်စက်များကို အသုံးပြုရပြီး စက်သုံးဆီမှာ အဓိကလိုအပ်သော အရင်းအမြစ်တစ်ခုဖြစ်ကြောင်း ပြောသည်။သို့သော် လက်ရှိတွင် ဆီဈေးနှုန်းများ မြင့်တက်လာသည့်အပြင် ဝယ်ယူရလည်း ခက်ခဲလာသဖြင့် စိုက်ခင်းများကို အချိန်မီ ရေမဖျန်းနိုင်တော့ကြောင်း တောင်သူများက ဆိုသည်။နောင်တရားဒေသသည် ရှမ်းပြည်တောင်ပိုင်းတွင် အာလူးအဓိက စိုက်ပျိုးသည့် ဒေသတစ်ခုဖြစ်ပြီး စိုက်ပျိုးရာတွင် ရေတင်စနစ်အတွက် စက်သုံးဆီကို အဓိကအသုံးပြုရသည့်အတွက် ဆီဈေးနှုန်းမြင့်တက်မှုနှင့် ဆီပြတ်လပ်မှုများကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက်မှုများ ဖြစ်ပေါ်လာနေကြောင်း တောင်သူများကပြောသည်။



