back

ရခိုင်ပြည်နယ်၊စစ်တွေမြို့ရှိ ဝန်ကြီးနဲ့ အစိုးရအရာရှိကြီးအဆင့် မိသားစုတွေ နယ်မြေမအေးချမ်းမှုများကြောင့် ရန်ကုန်ကို ပြောင်းရွှေ့ခဲ့ရ

Mar 09 • 2:26 AM

breaking-news

Myanmar

Rakhine

cover

ရခိုင်ပြည်နယ်၊စစ်တွေမြို့ရှိ ဝန်ကြီးနဲ့ အစိုးရအရာရှိကြီးအဆင့် မိသားစုတွေ နယ်မြေမအေးချမ်းမှုများကြောင့် ရန်ကုန်ကို ပြောင်းရွှေ့ခဲ့ရ

ရခိုင်ပြည်မြို့တော် စစ်တွေ အနီးပတ်ဝန်းကျင်မှာ တိုက်ပွဲများပြင်းထန်လာတာကြောင့် ပြည်နယ်ဝန်ကြီးတွေရဲ့ မိသားစုတွေ၊ အစိုးရအရာရှိကြီးတွေရဲ့ မိသားစုတွေနဲ့ အရာရှိ မိသား...

ရခိုင်ပြည်မြို့တော် စစ်တွေ အနီးပတ်ဝန်းကျင်မှာ တိုက်ပွဲများပြင်းထန်လာတာကြောင့် ပြည်နယ်ဝန်ကြီးတွေရဲ့ မိသားစုတွေ၊ အစိုးရအရာရှိကြီးတွေရဲ့ မိသားစုတွေနဲ့ အရာရှိ မိသားစုအများစုတို့ဟာ စစ်တွေကနေ လေယာဉ်နဲ့ ရန်ကုန်သို့ ပြောင်းရွှေ့သွားခဲ့ကြပြီလို့ အစိုးရ အသိုင်းအဝိုင်းနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။ဒီလို ပြောင်းရွှေ့တာဟာ ပဋိပက္ခများ စစ်တွေမြို့နဲ့ နီးကပ်လာတဲ့အပြင် မြို့ထဲအထိ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲမှုတွေရှိနေတာကြောင့် မကြာခင်မှာ လေယာဉ် လမ်းကြောင်းလည်း ပိတ်သွားနိုင်တာမို့ ခုလိုပြောင်းရွှေ့သွားကြရတာ ဖြစ်တယ်လို့ဆိုပါတယ်။

news-view-count-icon

13