နေပြည်တော်မြို့နယ်များတွင် ပွင့်လင်းရာသီ ရှင်ပြုနားသ အလှူတော်ပြုလုပ်သူများလာပြီး လိုက်ထရပ်နှင့် ဟိုက်ဂျက်ကားလေးများ ငှားရမ်းအသုံးပြုသူများလာပြီး အလုပ်ဖြစ်လာကြောင်း သိရသည်။"ပွင့်လင်းရာသီထဲရောက်လာတော့ ရှင်ပြုနားသအလှူလုပ်တဲ့သူများလာတော့ ရှင်လောင်းအလှူလှည့်တဲ့အခါဟိုက်ဂျက်ကားလေးတွေ၊ လိုက်ထရပ်ကားတွေ သုံးတာများတယ်၊ အခုရက်ပိုင်း နေ့စဉ်လိုလို အငှားလိုက်နေရတယ်"ဟု ဟိုက်ဂျက်ကားလေး မောင်းနှင်သူတစ်ဦးမှပြောသည်။ပြီးခဲ့သော မတ်လငလျင်ကြီးပြီးသည့်နောက်ပိုင်း ကာလကတည်းက လိုက်ထရပ်နှင့် ဟိုက်ဂျက်ကားလေးများ ငှားရမ်းသုံးစွဲမှုနည်းလာခဲ့သည့်အတွက် ဟိုက်ဂျက်ကားလေး ဝယ်ယူထားသူများမှာ ပြန်လည်ရောင်းချမှုများလာခဲ့ကြောင်း သိရသည်။



